Arc-4.4

3.3K 385 57
                                    

( အပေါ်ကတစ်​ယောက်က ဇာတ်လိုက်မဆိုးဝမ်နာ )

နောက်တစ်နေ့လည်းထုံးစံတိုင်း လီမင်းကိုစနောက်ရင်းတစ်နေ့သာကို ကျော်ဖြတ်တော့တယ်..မနေ့ညကဂျွန်ဂျီယောင်းချိန်းဆိုထားတဲ့နေရာကို ဟန်ဂျီဆော့ပျော်ရွင်စွာနဲ့သွားခဲ့တယ်...သူဘာလို့ပျော်ရွင်နေရတာလည်းဆိုတော့ ဒီကိုယ်ရဲ့ ဆန္ဒတွေနဲ့ကလဲ့စားချေပေးနိုင်တော့မှာကြောင့်ပေါ့။

ဟန်ဂျင်ဆော့တွေးထားတာဟာ ဒီကိုယ်အတွက်အားလုံးလုပ်ပေးပြီးရင် သူချစ်ရတဲ့လူကြီးနဲ့နေရာအနှံ့သွားဖို့တွေးထားသည်။ လုပ်ငန်းတွေကိုတော့ယုံကြည်ရတဲ့သူလက်ထဲ အပ်ပေးခဲ့မယ်လို့လည်း စဥ်းစားထားသည်။ ဒါပေမဲ့ယခုလက်ရှိမှာတော့ ထိုကိစ္စဟာစိတ်ကူးလေးသက်သက်သာ ဖြစ်နေလေသည်။

ယခုတော့ ဟန်ဂျီဆော့ဟာချိန်းဆိုထားတဲ့အချိန်ကွက်တိမသွားပဲ နာရီဝက်လောက်မှသွားခဲ့သည်။ ဟန်ဂျင်ဆော့ချိန်းဆိုထားတဲ့အခန်းလည်းရောက်ရော ဒေါသအနည်းငယ်ထွက်နေတဲ့ ဂျွန်ဂျီယောင်းနဲ့ဘေးနားကနေ ဒေါသမထွက်ဖို့ပြောပေးနေတဲ့ ဆိုးဝမ်နာကိုသူတွေ့လိုက်တယ်..

ဂျွန်ဂျီယောင်းဟာဇာတ်လိုက်ဖြစ်တာကြောင့် သူ့ဘေးနား၌ဇာတ်လိုက်အရှိန်အဝါများ တောက်ပနေလေသည်။ ဒေါသထွက်နေတဲ့ပုံစံလေးတောင်မှ တောက်ပနေလေတယ်..သူ့ရဲ့အပြာနုရောင်လေးမျက်လုံးလေးကို ကြည့်မိတဲ့သူတိုင်းဟာ အေးချမ်းစေမှာသေချာတယ်..အေးချမ်းစေတဲ့သူထဲမှာတော့ ဟန်ဂျီဆော့ပါမည်မဟုတ်ပေ။

ဇာတ်လိုက်မဆိုးဝမ်နာကတော့ ပန်းနုရောင်ဆံနွယ်လေးများကို ပိုင်ဆိုင်ထားသည်။ ရွေဝါရောင်မျက်ဝန်းလေးဟာ ကြည်လင်နေ၏။ ပြုံးနေသော်အပြုံးလေးကတော့ ကြည်မိတဲ့သူတိုင်းကိုအေးချမ်းစေတယ်..ဂျွန်ဂျီယောင်းနဲ့ဆိုးဝမ်နာတို့နှစ်ယောက်ဟာ တော်တော်လိုက်ဖက်တယ်လို့ဆိုနိုင်တယ်...

သေချာတာကတော့သူတို့နှစ်​ယောက်က ဒီကမ်ဘာရဲ့အရေးကြီးတဲ့ဇာတ်လိုက်ဖြစ်တာကြောင့်ပေါ့။ သူတို့နှစ်ယောက်ရဲ့ ၈ပေအကွာမှာ စားပွဲထိုးလေးများရှိသည်။ သူတို့ဟာထိုစုံတွဲလေးကိုကြည့်ပြီး အားကြနေလေတယ်..ဟန်ဂျင်ဆော့ဟာသွားဖို့အချိန်တန်ပြီထင်တာကြောင့်..

ဒုတိယအခွင့်အရေး (Arc-4) (Oc)Where stories live. Discover now