Arc-4.7

2.9K 367 17
                                    

ဟန်ဂျင်ဆော့ဟာ တကယ်တော့သူ့ဆီ ဆိုးဝမ်နာခဏခဏလာနေရတဲ့ အကြောင်းကိုသိလေသည်။ သူဘာလို့သိလည်းဆိုတော့ ဆိုးဝမ်နာသူ့ဆီကိုလာတဲ့ ပထမဦးဆုံးနေ့မှာပဲ ဆိုးဝမ်နာကပွင့်ပွင့်လင်းလင်းသူ့ကိုပြောပြခဲ့တာကြောင့် ဖြစ်သည်။ သူနဲ့ဂျွန်ဂျီယောင်းနဲ့အဆင်ပြေအောင်လာလုပ်ပေးတဲ့အကြောင်း သူနဲ့ရင်းရင်းနှီးနှီးဆက်ဆံချင်တဲ့အကြောင်း ပွင့်လင်းစွာဝန်ခံခဲ့တယ်..

သူလည်းရှင်းယွမ်ဆီကအကူညီ​တောင်းပြီး ဆိုးဝမ်နာသူ့ကိုလိမ်ပြောနေတာလား မလိမ်ဘူးလားဆိုတာသိရအောင် စုံစမ်းခိုင်းခဲ့တယ်...ဆိုးဝမ်နာအမှန်တွေပြောနေတဲ့အကြောင်း ရှင်းယွမ်ဆီကနေသိရရောဇာတ်လိုက်မဟာ သူထင်ထားသလိုမဟုတ်တဲ့အကြောင်းကို သူသိလိုက်ရတယ်..ဒါကြောင့်လည်းသူဆိုးဝမ်နာကို သူငယ်ချင်းတစ်ယောက်လိုဆက်ဆံခဲ့တယ်..

မနက်တိုင်းလည်းသူ့ဆီကိုလာဖို့ ခွင့်ပြုခဲ့တယ်..ခွင့်ပြုရတဲ့အကြောင်းအရင်းနှစ်ခုရှိတယ်။ ပထမအကြောင်းအရင်းကတော့ ဆိုးဝမ်နာကဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာ အကဲခက်ဖို့ဖြစ်သည်။ ဒုတိယအကြောင်းအရင်းကတော့ ဆိုးဝမ်နာကိုသာအရင်ဇာတ်ကြောင်းအတိုင်း သူ့ဆီကိုခဏခဏလာခိုင်းလိုက်တာဖြစ်တယ်..ဒါမှဒီကိုယ်ကိုဘယ်သူစိတ်ကြွဆေးခတ်လည်းဆိုတာ သိရမှာဖြစ်တယ်..

ဆေးခတ်တဲ့သူက ဇာတ်လိုက်မဆိုးဝမ်နာမဟုတ်ဘူးဆိုတာကို သူသိသည်။ ဒါပေမဲ့ဒီကိုယ်ကိုဘယ်သူမကောင်းကြံတာလည်းကိုတော့ သူစဥ်းစားမရပေ။ ဟန်ဂျင်ဆော့ကိုမနာလိုဖြစ်တဲ့သူတစ်ယောက်ဖြစ်လောက်မယ်လို့တော့ သူထင်တယ်..ဘာလို့လည်းဆိုတော့ဇာတ်ကြောင်းထဲ၌ ဒီလိုအချိန်မျိုးမှာပဲဟန်ဂျင်ဆော့ဟာအလွန်အောင်မြင်ကျော်ကြားခဲ့တာဖြစ်သည်။

ဒီကိုယ်ပဲရစ်သွားတယ်ဆိုတာက အလုပ်ကိစ္စရယ် ဂျွန်ဂျီယောင်းကြောင့်ရယ်ကြောင့် သူသွားတာဖြစ်သည်။ မသွားခင်နှစ်ရက်အလိုမှာ ဖြစ်တာဆိုတော့သူလည်းအဲ့အတိုင်းထက်လုပ်ဖို့ ကြံလိုက်တယ်..သူပဲရစ်သွားတော့မယ်ဆိုတဲ့အကြောင်းကို လိုင်းပေါ်ကိုတင်ခဲ့တယ်..

သူထင်ထားသလိုမျိုးပဲ ပဲရစ်မသွားခင်နှစ်ရက်အလိုမှာ ဆိုးဝမ်နာချိန်းဆိုခဲ့တယ်..မကြာခင်နောက်ကွယ်ကစေခိုင်းသူကို ဟန်ဂျင်ဆော့သိရတော့မှာဖြစ်သည်။ လီမင်းကိုသတ်ဖို့ခိုင်းတဲ့သူကိုရောပေါ့။ သူ့ကိုဆေးခတ်တဲ့သူရယ် လီမင်းကိုသတ်ဖို့ခိုင်းတဲ့သူရယ်က တစ်ယောက်ထဲဆိုတာသေချာတယ်..

ဒုတိယအခွင့်အရေး (Arc-4) (Oc)Where stories live. Discover now