Part - 7

1.9K 191 18
                                    

Unicode -----

The Emperor's Concubine { 7 }
.
.
.
.
.
.
.

လေညှင်းတွေကိုတံခါးပိတ်၍ကာကွယ်လိုက်၏
အနီရောင်လိုက်ကာစတွေငြိမ်သက်သွားသည်

လေညှင်းတွေရဲ့ကျီစယ်ခံရမှုတွေကို
Min မခံစားနိုင်တော့ပေ အေးစက်ကျင်ခဲနေသည်

Jimin ပေါင်ပေါ်ကလက်သီးလေးတွေ ကျစ်ကျစ်ပါဆုတ်ကိုင်ဖိနယ်နေမိသည်

အခန်းထဲကို မည်သည့်လေမှ
တိုး၀င်လို့မလာပေမယ့်
စူးရှတဲ့အမွေးနံ့သာသင်းသင်းက
Min နှာခေါင်းရဲရဲလေးဆီ
တစ်စိမ့်စိမ့်တိုး၀င်နေကာ ကျက်သီးထရသည်

တစ်လှမ်းချင်းသူလှမ်းလာတာ
မော့မကြည့်ပေမယ့် ပျင်းရှရှနံသာကြောင့်
သိသာလှသည်

တကယ်ပဲဒီညကသူနဲ့အတူအကြင်နာညဆိုတာကြီးကို အောင့်အီးပြီး ဖြတ်သမ်းရတော့မည်လား

တဖြေးဖြေးဘေးနားလာထိုင်ပြီး
ပေါင်ပေါ်ကဆုတ်နယ်နေတဲ့လက်သီးသေးသေးလေးကို သူ့လက်ဝါးကြီးတစ်ဖက်ကအုပ်မိုးကိုင်လိုက်ရာ အေးစက်ခြင်းကို min ခံစားလိုက်ပြီးပြီး တင်းစေ့ထားတဲ့နှုတ်ခမ်း လှုပ်ခက်သွားသည်

လက်ကလေးတွေကို သူ့လက်ထဲထည့်ပြီး ဖွဖွလေးကိုင်ကာ လက်တစ်ဖက်က ခါးသွယ်သွယ်လေးကို ထိထိမိမိဆွဲဖက်လိုက်တော့
အားမပါပေမယ့် နုနယ်လွန်းတဲ့ကိုယ်လုံးလေး
အင့်ခနဲ သူ့ရင်ခွင်ထဲတိုး၀င်သွား၏

ပုဝါလေးကစောစောကသူချွတ်ခိုင်းထားလို့
ချွတ်လိုက်ရပါပြီ
မိန့်မိန့်ကြွကြွထည်ဝါသောသူသည် အားလုံးကိုတစ်ခွန်းအာဏာသာပေးသော်လဲ
Min အနားရောက်တော့ ယောကျာ်းပီသသောလေသံက ခပ်ဖျော့ဖျော့နဲ့
နား၀င်ချိုလွန်းသည်

ဒါပေမယ့် Min သူ့ကိုကြောက်မိတာကတော့အမှန်

အသားကပ်၀တ်စုံလေးသာ၀တ်ထားတဲ့
Jimin ရဲ့အသားအရည်က ဖျော့ရော့သောအလင်းကိုတောက်ပစေသည်

ညှပ်ရိုးချိုင့်ချိုင့်လေးနဲ့ လည်တိုင်ညွှန့်ညွှန့်လေးကို သူကြည့်ပြီး ခြောက်သွေ့သွေ့လည်တိုင်က တံတွေးမျိုချလိုက်သည်

ပြီးနောက် မှိန်းပြပြအလင်းရောင်လေးကို
သူပိတ်ဖို့လှမ်းထလိုက်ရာ
သူ့လက်ကလေးကို အားကိုးတကြီးလှမ်းကိုင်ကာ ကြောက်ကန်ကန်နဲ့
မော့ကြည့်လိုက်သည်

The Emperor's Concubine ( U+Z ) [ Complete ]Where stories live. Discover now