"MD ဘာများ...?"
"အရင်ရုံးဆင်းလိုက်ပါ အတွင်းရေးမှုးဂန် ကျွန်တော် OTရှိလို့"
"ဟုတ်ကဲ့ပါ MD"
အရင်ပြန်နှင့်သွားတဲ့ MDဖြစ်သူ ပြန်တက်လာတော့ ဘာများမေ့လို့လဲလို့ ထယ်ဟွန်းကြောင်သွားပေမယ့် အနောက်က အဖွဲ့မှုးယွန်းကိုပါ မြင်လိုက်တဲ့အခါ ဘာမှထပ်မမေးဖြစ်တော့။
တကယ်တော့ ဒီနေ့ နေ့လည်ပိုင်းမှာ *Design ဌာနက လာတဲ့လူရှိလား* ဆိုတဲ့မေးခွန်းကို MDက ရုံးခန်းထဲကနေ သူ့ကို နှစ်ခါတောင် ဖုန်းဆက်မေးနေခဲ့တာ။~
"ထိုင်ပါ"
"ဟုတ်ကဲ့"
ဒူးနှစ်ဖက်ပေါ်လက်ကလေးတင်ပြီး
ဧည့်ဆိုဖာပေါ်မှာ ထိုင်ဆိုလို့ ကိုယ်ထိုင်နေခဲ့တာ လှုပ်တောင်မလှုပ်မိ။ ထင်ထားတာထက် ရှင်းလင်းပြီး သန့်ရှင်းနေတဲ့ ရုံးခန်းက ထွေထွေထူးထူး စပ်စုစရာရယ် လို့တော့ မရှိပါဘူး။ ဒီအတိုင်း ရှင်းရှင်းလေး~MDက သူ့အလုပ်စားပွဲပေါ်က တစ်ခုခုသွားယူနေဟန်တူပါတယ်။ နောက်ကျောပဲမြင်ရတဲ့ ကိုယ်ဟန်က ခပ်ကြီးကြီးနဲ့... တင်းကြပ်နေတဲ့ လက်မောင်းနဲ့ လက်ပြင်နေရာတွေဆီ အကြည့်ရောက်မိတဲ့အခါ ကိုယ် မြန်မြန်ဆန်ဆန်ပဲ အရှေ့က စားပွဲဆီကိုပဲ ရွေ့ပစ်လိုက်တယ်။ တကယ်ဆို အဆူခံရပါစေအုန်း မနက်ဖြန်မနက်လောက်မှ လာခဲ့သင့်တာ။
"အဲလစ် ကိုသိတယ်မလား?"
ကိုယ့်ရှေ့က စားပွဲပေါ် ချပေးလာတဲ့ ဖိုင်ကလေးနဲ့အတူ သူက ထိပ်က ဆိုဖာမှာဝင်ထိုင်တယ်။
အသက်ရှုရကျပ်ပုံရပါတယ်၊ ကုတ်အကျီက ကြယ်သီးနှစ်လုံးကိုပါ ဖြုတ်ပစ်လိုက်တယ်။ အထဲမှာ တင်းကျပ်နေသေးတဲ့ ရှပ်အကျီနဲ့ ရင်အုပ်ကျယ်က ထင်းကနဲ။"Alice Lee...
ဟုတ် သိပါတယ်"မဂ္ဂဇင်းပုံစံ ဖိုင်တွဲလေးထဲက ကောင်မလေးဆီကိုပဲ ကိုယ် အကြည့်လွှဲလို့ ဖြေလိုက်တယ်။ နာမည်ကြီးသရုပ်ဆောင်လဲဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ အဲလစ်ကို မသိလောက်ရအောင်တော့ ကိုယ် သိပ်မတုံးသေးဘူး ထင်တာပဲ။
"လာမယ့်နှစ်ထဲမှာ J.conက သူနဲ့စာချုပ်တစ်ခု ချုပ်ဖို့ရှိတယ်
Brand modeling အနေနဲ့ရော နာမည်ကျော်တစ်ယောက်လဲဖြစ်တော့ ဈေးကွက်ကို သူ့ပရိတ်သတ်တွေဆီကို targetထားထားတယ်"