10

965 170 15
                                    

နောက်နေတာနေမှာပါ။

အေးလေ ဒီအတိုင်း လျှောက်ပြောလိုက်တာပဲပေါ့...

ကင်ချီတွေ လှီးနေရင်းမှ ကိုယ်ခေါင်းကိုခါယမ်းပစ်လိုက်တယ်။ အိမ်ပြန်ရောက်တာနဲ့ တကိုယ်စာ ချက်ရင်းပြုတ်ရင်း ကိုယ် အလုပ်တွေရှုပ်ပစ်နေလိုက်တယ်။  နားရက်ရတုန်းလေး စိတ်အေးလက်အေး အိမ်တွင်းပဲ အောင်းပြီး နားပစ်ကြရအောင်...ဟုတ်တယ်။

ဘေစင်မှာ အိုးခွက်ပန်းကန်တွေ တိုက်နေပြန်ရင်း လူက ရုတ်တရက် ပြန်ငိုင်ကျပြန်တယ်။
ဘာလဲ...သူက တကယ်လာခေါ်မှာတော့ မဟုတ်ဘူးမလား??

*dateမယ့်‌နေ့ကို ကိုယ်လာခေါ်မှာမို့လို့ ဒီနေ့တော့ နားလိုက်ပါ*

ဆေးရုံရှေ့ အငှားဒါရိုက်ဘာခေါ်ပြီး ကားပေါ်မတက်ခင် ကပ်ပြောသွားတဲ့ စကား ပြန်စဉ်းစားမိတော့ လူက မရိုးမရွရယ်နဲ့။
တော်ပြီ ထပ်မတွေးတော့ပါဘူးဆို!!
လာခေါ်လဲ မလိုက်ချင်ပါဘူး ဘယ့်နှယ် .... Date?. မဖြစ်နိုင်တာတွေ!

စိတ်ရှုပ်ရှုပ်နဲ့ အိမ်အလုပ်‌တွေဖိလုပ်ပစ်ရင်း ကိုယ့်ခြံသေးသေးထဲက ရှိသမျှ အရွက်ခြောက်တွေ ထွက်ရှင်းဖို့ တေးထားလိုက်တယ်။
ပြီးရင်တော့ ရှိသမျှစောင်တွေ အကုန်လျှော်ပစ်မယ်။

ညနေခင်းတော့ အိမ်ရှေ့က ခြံလေးထဲ ကွပ်ပျစ်လေးဘေးမှာ ကိုယ် စောင်တွေ လျှော်ဖြစ်တယ်။ နွေပေါက်လာပြီမို့ ဆောင်းတုန်းက ထုတ်ထားခဲ့တဲ့ စောင်တွေအခင်းတွေ ရေဇလုံထဲ ထည့်ပြီး ပျင်းပျင်းနဲ့ နင်းနေခဲ့တာ..

လာခေါ်မယ်ဆိုတော့...သူက ကိုယ့်အိမ်ကို သိလို့လား?
သြော် သူက MDပဲ သိချင်တဲ့ ဝန်ထမ်းရဲ့ detailအကုန်သိလို့ရတာပဲ။
ဒါဆို အိမ်ထိ လာမယ်ဆိုရင် သူ့ကားက ဒီလမ်းထဲ ဝင်လို့ရရဲ့လား။ ကုန်းတက်ကြီးကို...

အတွေးနဲ့ စိတ်ကမြန်မြန် ကိုယ် အဝတ်လျှော်ကန်ထဲကနေ ဝုန်းကနဲ ထွက်ပြီး ဘေးကကွပ်ပျစ်ပေါ် ခုန်တက်လို့ မတ်တပ်ရပ်လျက်သား ခြံတံတိုင်း အပြင်ဘက်လမ်းကို ထကြည့်လိုက်မိတယ်။

တခြားအိမ်တွေရှေ့ ကားရပ်ထားတာ လှမ်းမိမြင်တော့ စိတ်ထဲ ကျေနပ်သွားသလိုလိုရယ်နဲ့။ ဝင်လို့ရတာပဲ။ ကိုယ့် အိမ်ရှေ့ထိ သူလာလို့ရတယ်။

The First Spring on Cloud NineWhere stories live. Discover now