အခန်း (၁)

1.3K 100 25
                                    

နွေဦးကံ့ကော်ပွင့်ခဲ့သော်
အခန်း (၁)

အငွေ့တစ်ထောင်းထောင်းနှင့် တစ်ဖြောဖြော ကျဆင်းလာသော မြတ်စုလက်ထဲမှ ရေနွေးကရားကို ကြည့်ရင်း သက်ဝေ မျက်မှောင်ကြုံ့မိသည်။
မနက်ပိုင်း အတန်းချိန် ကို ဖျက်၍ သက်ဝေတို့ ၃ယောက် အင်းယားကန်ဘောင်ပေါ်ရှိ အကြော်ဆိုင်ထဲရောက်နေခြင်း ဖြစ်သည်။
ဟိုဝိုင်းသည်ဝိုင်း နားတွင် လူတစ်ချို့တစ်ဝက် ရှိကြသော်လည်း သူတို့က ထောင့်စွန်ဝိုင်းနားမို့ ဘယ်သူမှ သိပ် သတိထားမိဟန်မတူကြ။

ဟင်း ........

မြတ်စု ၏ သက်ပြင်းချသံ အဆုံး ဝတီက သူ့ကိုမျက်ခုံး တစ်ချက်ပင့်ပြသည်။
သဘောက ဘာဖြစ်နေတာလဲ
ဟူသည့်သဘော

သက်ဝေ လည်း မိမိ မသိကြောင်း ခပ်လေးလေးသာ ခေါင်းခါပြရင်း လက်က
အကြော်ဗန်း ဆီအသာလှမ်းခိုက်

"ဖြန်း..."

"အာ့ ..."

မြတ်စုလက်သံပြောင်ချက် က သက်ဝေ ကိုယ့်လက်ဖမိုး ကိုယ် ပြန် ကိုင်မိသည်အထိ။

"ဟဲ့ ငါ့ ဘာလို့ရိုက်တာ လဲ ?"

ဝတီ ၏ ခပ်စွာစွာ အသံကြောင့် ဘေးဝိုင်းက လူတစ်ချို့အကြည့် ကမသိမသာ သူတို့ ၃ယောက်တွဲထံ ဝင်ရောက်လာသည်မို့ သက်ဝေမှာ အူလည်လည်နှင့်

"ငါပြောတာနားထောင်ပြီးမှ နင်တို့လက်တွေ အကြော်ဗန်းကို ကျူးကျော် ကြ
ဘယ်နှယ့်အေ သူများ တကာ ရဲ့ ၂ ကျပ်တန် အကြော်ဗန်း ကြီး ထဲ နှိုက်ချင်သလို
နှိုက်ကြော်ချင်သလိုကြော်လို့ရမလား ဟဲ့"

ကျောင်းပြီး လျှင် ဆရာမ ပြန်လုပ်မည် ဟု ကြွေးကြော်ထားသော မြတ်စု က
လက်သံလည်းပြောင်သလို အသံကလည်း ဆာသည်မို့ ဝတီ ရော သက်ဝေ ပါ
ကျူးကျော်မည့် လက်တို့ကို အသာတကြည် နောက်ပြန်ဆုတ်လိုက်ရသည်။

ဝတီက တော့ အငွေ့တစ်ထောင်းထောင်းထနေသည့် အကြော်ဗန်း ၏ ဆွဲဆောင်မှုကို
မခံနိုင်စွာနှင့် စိတ်မရှည်စွာပင်

"ပြောမှာဖြင့်ပြောဟာ
နင့်မလဲ ရေငွေးငှဲ့လိုက် သက်ပြင်းချလိုက်နဲ့
နင်ဒီဆိုင်က ရေနွေးတွေ သောက်လွန်းလို့ အင်းယားရေတစ်ဝက်ခမ်းတော့မယ်"

နွေဦးကံ့ကော်ပွင့်ခဲ့သော်Where stories live. Discover now