အပိုင်း (၉)

583 52 26
                                    

နွေဦးကံ့ကော်ပွင့်ခဲ့သော်
အပိုင်း (၉)

တစ်ဝက်တစ်ပျက်ဘယ်သောအခါမှ လုပ်တာမကြိုက်ဟု ကြွေးကြော်ထားသော
ရောင်နီလင်း သည် သူ့စကားသူတည်သည့်နေရာမှာလည်း စံတင် လောက်ပါပေသည်။

သူခေါ်လာခဲ့သည်မို့ သူပဲ ပြန်လိုက်ပို့မည်ဟုဆိုကာ ဒီလောက်တစ်ယောက်တစ်နေရာစီဖြစ်နေသည့် သက်ဝေ တို့အုပ်စုကို
အိမ်တိုင်ရာရောက် တစ်ယောက်ချင်း
စီလိုက်ပို့၏။
ပြောစရာ မလိုအောင်နောက်ဆုံး
အလှည့်ကား သက်ဝေ အတွက်ပင်မို့ ယခုကားပေါ်တွင် သူရယ် သက်ဝေရယ် မိဝါရယ် ၃ ယောက်သာကျန်ခဲ့တော့သည်။

"ဟော ဟိုရှေ့ ဆို ၂၉ လမ်း ပဲ
ရပါတယ် လမ်းထိပ်ပဲ ရပ်လိုက်ပါ
ကျွန်တော့် အိမ် ကို လှမ်းမြင်နေရပါပြီ"

ပြောရင်း သက်ဝေ ညွှန်ပြသည့် နေရာက်ို ကားမောင်းရင်း စူးစူးစိုက်စိုက် ကြည့်နေ လေသည်မို့ ။

"ဟို ကိုရောင်နီလင်း ဒီတင်ရပ်လိုက်တော့မလား လက်တွန်းလှည်းတွေ လူတွေနဲ့
ရှုပ်လှ ပါတယ်"

သက်ဝေ ပြောနေသည့် စကား ကို သူ က
အာရုံရဟန် မတူ
အတင်းကာရော ကားမောင်းရင်း ခေါင်းထိုးကာကြည့်နေသည်မို့

"ကိုရောင်နီလင်း"

"ဗျာ သက်ဝေ ပြော"

ခပ်ဆက်ဆက် ခေါ်လိုက်ကာမှ
အသိဝင်သည့် လူနှယ် ထူးလာသူကြောင့်
သက်ဝေ မျက်မှောင်ကြုံ့မိတော့သည်။

"ခင်ဗျား ဘာတွေ
ဒီလောက်တောင် အားစိုက်ကြည့်နေတာလဲ"

မျက်မှောင်ကြုံ့ကာမေးလာသည့်
ကောင်ငယ်လေးက မြတ်နိုးဖွယ်ရာအတိ။
မျက်တောင်ဖျားတွေက လိုတာထက်ကော့
စင်းကာ အသားအရေ က ဖြူသည့်ဘက်မသွားပဲ မြန်မာဆန်ဆန် ဝါနှစ်နေသည့်အသားအရောင်နှင့် ဝတ်ထားသည့် အကျီင်္ လက်တို အမဲ မှာ ထင်းအောင် ကို  ပေါ်လွင်နေသူ ကို ဘယ်နှယ့် လမ်းတစ်ဝက်ချ ပြီး
လမ်းလျှောက်ပြန်ခိုင်းရက်ပါ့မလဲ။

"အော် စစ်တမ်းကောက်နေတာ"

"ဟမ့် ဘာကြီး"

"အော် ဒီလမ်းထဲမှာ ရှိနိုင်မည့်အမျိုးသမီး အရေအတွက်နဲ့ ဘယ်နှစ်ယောက်က သက်ဝေအပေါ် တိမ်းညွှန် ချိန်ဆနေနိုင်လောက်မလဲ
မှန်းကြည့်နေတာ"

You've reached the end of published parts.

⏰ Last updated: May 08, 2022 ⏰

Add this story to your Library to get notified about new parts!

နွေဦးကံ့ကော်ပွင့်ခဲ့သော်Where stories live. Discover now