Untitled Part 10

68 3 0
                                    


#အပူအပင်မဲ့အင်မော်တယ်

Chapter 10

"ကယ်ကြပါဦး.. ဒါက ဇင်တျန်အဆင့်သားရဲကြီး"

အနက်ရောင်တောအုပ်ထဲ ကမ္ဘာပျက်မတတ် အော်ဟစ်သံတွေ ပေါ်ထွက်လာခဲ့ပါပြီ။

"လာနောက်နေတာလား။ ဒီမှာ ဘယ်လိုလုပ်ပြီး ဇင်တျန်အဆင့် သားရဲကြီး ရှိနေမှာလဲ"

အဝေးတစ်နေရာက တပည့်တစ်ဦးက အော်ပြောလိုက်ပါတော့တယ်။

"ငါတော့ သေပြီ"

"ပြေးဟ"

".."

နှစ်မိနစ် အချိန်တိုလေး အတွင်း ဇင်တျန်အဆင့် မိစ္ဆာသားရဲကြီး ဆယ်ကောင်ကျော် ဒီပတ်ဝန်းကျင်မှာ ပေါ်ထွက်လာပါတော့တယ်။ ပြီးတော့ သူတို့အားလုံးက တပည့်အသစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြတာပါ။

ကံကောင်းတာကတော့ အခုအချိန်အထိ တောင့်ခံထားနိုင်တဲ့ တပည့်အသစ်တွေဟာ သိပ်ပြီး မဆိုးရွားလှပါဘူး။ ဇင်တျန်အဆင့် သားရဲကြီးတွေ ပေါ်ထွက်လာတာနဲ့ သူတို့ရဲ့ ကျောက်စိမ်းဆွဲပြားတွေထဲ ကီစွမ်းအင် ဖြည့်သွင်းပြီး ဆရာတွေကို အကူအညီ တောင်းနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း တပည့်တော်တော်များများကတော့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ကြပါပြီ။

"တောက်... ဇင်တျန်အဆင့် မိစ္ဆာသားရဲကြီးတွေ အများကြီး ဘယ်ကနေ ဝင်လာခဲ့တာလဲ"

တစ်စစီ ဆွဲဖြဲခံရတော့မဲ့ တပည့်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့တဲ့ ဆရာတစ်ဦးလည်း မကျေမနပ် ရေရွတ်လိုက်ပါပြီ။

အရင်တုန်းကတော့ အဆင့်မြင့် မိစ္ဆာသားရဲတွေ ဒီလောက်အများကြီး မပေါ်လာဖူးပါဘူး။ အခုဆရာအားလုံးဟာ ဇင်တျန်အဆင့် တန်ခိုးရှင်တွေ ဖြစ်ကြပြီး အစွမ်းထက်ကြပေမဲ့လည်း ဇင်တျန်အဆင့် သားရဲကြီး တစ်ကောင်ကိုတောင် ချက်ချင်းသတ်ဖို့ မဖြစ်နိုင်သေးပါဘူး။ အခုလို ဆယ်ကောင်ကျော်လောက် ပေါ်လာတဲ့ အခါမှာတော့...

"မြန်မြန်.. ဌာနခွဲကို အကြောင်းကြား။ ခန်းမရှင်ကျန်းကိုလည်း မြန်မြန် အကြောင်းကြား"

You've reached the end of published parts.

⏰ Last updated: Mar 04, 2022 ⏰

Add this story to your Library to get notified about new parts!

အပူအပင်မဲ့ အင်မော်တယ် (MYANMAR)Where stories live. Discover now