Uni_ အပိုင္း ၁

23.5K 649 30
                                    

"မောင် ကငါ့ ကို သိပ်ချစ်တာ ...ဟီး ဟီး ..ဟုတ်တယ် မောင်နဲ့ သားလေးက ငါ့ကို ဘယ်တော့မှ ထားသွား မှာ မဟုတ်ဘူး "

"ဟုတ်တယ် မလား မောင် "

"ခိခ် ...ခိခ် မောင်က ပြန်ဖြေနေတာ ..ဟုတ်တယ်တဲ့ "

"သားလေးရယ် မောင်ရယ် ငါ ရယ် ..ဟီးဟီး ဘယ်တော့ မ ခွဲ မသွားဘူးနော် "

"သားလေး က လည်း မျက်နှာ ကြီး ဆူမနေ ရဘူးလေ ကွာ ...ပါးပါး ကို ကြည့် "

"တူးတူ ရေ ဝါးး ...ခိခ် ခိခ် ..ပါးရဲ့ သားလေး ရေ ပါးပါး ကြည့် ဝါးး"

ရိပ်ညို ဆိုသည့် အသက် ၂၅နှစ်အရွယ် ကောင်လေး တစ်ယောက် မှာ နေကြာ ပန်းခင်း ကြီး ၏ အလယ်ရှိ ကျောက် တုံး လေး ပေါ်၌ ထိုင်ကာ နေကြာ ပန်းလေး နှစ်ပွင့်အား ကိုင်၍ တစ်ယောက် ထဲ စကား များ ပြော နေခြင်း ဖြစ်လေသည်။ မျက်နှာ မှာ လည်း မီး လောင် ဒဏ်ရာ နှင့် အတူ အသ်စိတ်တို့ မှာ လည်း ပျောက်ဆုံး နေသေး၏။

မိုးရွာရွာ နေပူပူ ထို နေကြာ ပန်း ခင်း ကြီး အနား မှာ ထိုင် နေတက်ပြီး တစ်ယောက်ထဲ အော်လိုက်ရယ်လိုက်နှင့် မြက်ရသူ များ အဖို့ ပူ လောင် ရလွန်း ပေသည်။

မြို့ ပြနှင့် ဝေးရာ သစ်ခက်ရွာ ဟူသော သိပ်လည်း မကျယ် သိပ် လည်း မကျဉ်း သည့် ထို ရွာ လေး သည် ရိပ်ညို ၏ မွေးရပ်ဇာတိလေး ဖြစ်ပေသည်။ ရွာ မှ ထွက် ငွား ပြီး ၅နှစ် အတွင်း ၌ ရွာ သို့ ပြန်လာ သော် မျက်နှာ သို့ မှာ ပျက်ဆီးနေ ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အသိစိတ်လွတ်ကာ ရူး နေခဲ့လေသည်။

ဘာရယ်ကြောင့် ရိပ်ညို ယခုလို ဖြစ်သွားသည်မည် သူ မျှ မသိပါချေ။ ရွာ ကို လည်း ရိပ်ညို ၏ အကိုဝမ်းကွဲ ပြန်ခေါ်လာ၍ သာ ရွာ သို့ ပြန်ရောက်လာခဲ့ ခြင်း ဖြစ်သည်။

ရိပ်ညို ဆိုသည့် ကောင်လေးသည် ယခုက ဆိုလျှင် အနေအေး ကာ လိမ္မာရေးခြား ရှိလွန်းသည့် ကောင်လေးတစ်ယောက် ပင်။ လူကြီးသူ မအပေါ် ရိုသေ တက်ပြီး စာ လည်း တော် သည့် လူငယ်လေး ပင်။ တစ်ရွာ လုံး ၏ အချစ်တော်လေး လည်း ဖြစ်လေသည်။

ရိပ်ညိုသည် ချောသည်လှသည်။ သို့သော် သူ ၏ အသားအရည် မျက်နှာ အသွင် ပြင်က အစ အမျိုးသမီးလေး လို နုညံ့လှပေသည်။ အမျိုးသမီးတွေ ထက် လည်း မို၍ ကြည့်ကောင်း သော အသား အရည် ပိုင်ဆိုင်ထား သူလေး ဖြစ်လေသည်။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Where stories live. Discover now