Uni_အပိုင္း ၈

5.7K 383 0
                                    

*ရိပ် မောင့်ကို လွမ်းနေခဲ့တာပါ*

မောင် ရိပ်အား ဖက်ထား ရာ မှ ရုတ်တရပ် ငြိမ်ကြသွား သော ရိပ်ခန္ဓာကိုယ်လေး နှင့် အတူ မောင့် ရင်ပြင်လေး ၌ ဆိုစွတ်ကာ အေးစက်လာ သလို ခံ စား လာ ရ၍ မောင် ရိပ် အား ဖက် ထား ရာ မှ အသာ ခွာ လထုက် ရာ ရိပ် မျက်နှာ မှ မြင်လိုက် ရသော နီရဲ ရဲ သွေး စများ ကြောင့် မောင် လန့်သွား ခဲ့ ရလေသည် ။

ရိပ်အား ကြည့် သော် လည်း ရိပ် မှာ မောင့် လက်ထဲ ၌ မေ့ မျော နေခဲ့ ပြီ ဖြစ်လေသည်။

"ရိပ် ..ရိပ် သတိ ထား ပါအုန်း .. ရိပ် မောင် ခေါ်နေတယ်လေ ကွာ "

မောင် ရိပ် ပုခုံး လေး အား လုပ်ကိုင် ကာ ပြော နေခဲ့ ပေမယ့် ရိပ် တစ်ယောက် နိုး မလာ ခဲ့ တော့ ပေ။

မောင် ရိပ် အား စိုးရိမ် လာ ရကာ  ရိပ်၏ ကိုယ်လေး အား ပွေ့ ချီ ကာ ရွာ ထဲ ရှိ ရိပ် အရီး ၏ အိမ် သို့ မောင် ရိပ်အား ချီ ကာ အပြေး တစ်ပိုင်း ပြေးလာ ခဲ့ လိုက်လေသည်။ ဖိုးထင်မှာ လည်း အံ့ သြမှု တို့ နှင့် အတူ  မောင့်နောက်မှ ပြေး လိုက်လာ ခဲ့ လေသည်။

ရိပ် ရွာကို စရောက်လာ ထဲ က ရိပ် ဟာ အရူး တစ်ပိုင်း ဖြစ်နေခဲ့ ပေမယ့် ယခု လို မျိုး တစ်ခါ မျှ မေ့ မလှဲ ဖူး ပေ။ ယခု လို အျက်နှာ မှ သွေး ထွက် လာ ခြင်း မှာ လည်း ရိပ် ပေသေ ကာ ဆေးမလ်ိမ်းခြင်း ကြောင့် ဖြစ်ပေလိမ့်မည်။ သောက်ဆေးသာ သောက်ပေမယ့် မျက်နှာ အား ဆေး အလိမ်းမခံ မိုးရွာ တိုင်း အပြင်ထွက် ငို အစ သဖြင့် အကြောင်း အရာ သို့ ကြောင့် ရိပ် ၏ မျက်နှာ မှ ဒဏ်ရာ များ ပို ဆိုး လာ ရခြင်း ဖြစ်ပေလိမ့် မည်။

"ရိပ် ..ရိပ် သတိ ထား ပါ အုန်း နော် ရိပ် "

"ရိပ် ..မောင်နဲ့ သား လေး ရောက်လာ ပြီလေ နော် ရိပ် "

မောင်တစ်ယောက် ငိုသံ သို့ပင်စွတ်လာ ကာ ရိပ်အား စိုးရိမ် စွာ ခေါ်နေခဲ့ လေသည်။ မောင် အပြေးတစ်ပိုင်း နှင့် လာ ခဲ့ သည်မို့ ရွာ ရှေ့ ပိုင်း ရွာ လယ်ပိုင်း ရှိ အရီး တို့ အိမ်သို့ ရောက်လာ ခဲ့ လေသည်။

"ပါးပါး ..အီးဟီး ..ပါးပါး ရေ ..ပါးပါး ဘာ ဖြစ်တာ လည်း အီးဟီး "

သားသား တစ်ယောက် ဝိုင်းထဲ ၌ အရီးတို့စာဥ တို့ နှင့် ထိုင်နေရင်း မှ ခြံ ဝိုင်းထဲ သို့ ရိပ်အား ပွေ့ ချီ ကာ ဝင်လာ သော မောင် ကြောင့် အရီး တို့ ပင် လန့် သွားခဲ့ ရလေသည်။ ထို အထဲ ရိပ် မျက်နှာ မှ မြင်မကောင်း လှ သည့် သွေး များ ကြောင့် သားသား အော်ကာ ငို နေခြင်း ဖြစ်လေသည်။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Where stories live. Discover now