🅿🅰🆁🆃 - 8

1.2K 189 24
                                    

[Unicode]

"ပွေ့~"

"ဟင်!"

ထယ်ယောင်း ကြားလိုက်ရသည့်စကားအား သူ့နားနှင့်မယုံနိုင်‌ဖြစ်ခဲ့ရသည် ၊ ဘယ်နဲ့ပွေ့တဲ့လား ၊ သူ့အရှေ့က ထိုအိုမီဂါလေးသည် ကားမှန်ကို မှီကာ လက်အား အနည်းငယ်ဆန့်ထုတ်လာပြီး ပွေ့ပါတဲ့လေ ၊ ရစ်ဝိုင်းနေတဲ့ မျက်၀န်းထဲက မျက်ရည်များသည် အချီခံချင်လို့ မိခင်အား ချီခိုင်းနေသလို အသနားခံနေလျက်ပုံ၊ သူထံမှ တုန့်ပြန်သံမလာတော့ ထိုမျက်၀န်းတွေမှ မျက်ရည်တို့ ဟာစီးကျလို့လာသည် ၊

အမြန်ပါပဲ ထိုအိုမီဂါလေးရဲ့ ခါးပတ်အားဖြုတ်ပေးလိုက်ကာ ပွေ့ခေါ်လိုက်တော့ သူ့ထံခွလျက်ထိုင်လို့လာသည် ၊ သူ့ရင်ခွင်ထဲ ခေါင်းတိုး၀င်လညကာ သူ့ alphaရနံ့အား ရှုရှိုက်လိုက်သည်ကို သိလိုက်ရတဲ့အခါ သူ့ခါးတို့ မတ်ကနဲဖြစ်သွားရသည် ၊ သို့ပင်မဲ့လည်း သူ့၏မသိစိတ်ကပင် ထိုအိုမီဂါလေး နေရတာ အဆေပြေအောင် Alpha pheromonesတွေ ထုတ်လွှင့်လို့နေသည် ၊

မကြာပါ သူ့ရင်ခွင်ထဲ မှေးကာ အိပ်ပျော်သွားသည့် ထိုအိုမီဂါလေးသည် ‌ခါးအနည်းငယ်ဆန့်လာကာ သူ့ပခုံးထံ ခေါင်းတင်လို့လာတဲ့အခါ ထိုအိုမီဂါလေးရဲ့ ၀င်သက်ထွက်သက်သည် သူ့လည်ပင်းတစ်၀ိုက်၌ ကျီစယ်လို့နေသည် ၊ ထိုအခါ သူသည် မနေနိုင်စွာအသက်အောင့်ထားမိသည် ၊

ဒီအိုမီဂါလေးသည် သူ့အား အမျိုးမျိုး ကျီစယ်နေပါသည်လော ၊ မဟုတ်မှ သူ့လူပျိုရည်ကိုပါ ဖျက်ဖို့များစဉ်းစားထားလေသလား ၊ မဖြစ်ပေ ဒီလိုကားပေါ် ဒီလို‌ေနရာမှာတော့ သူလူပျိုရည် မပျက်ချင်‌ေပ၊ pheromonesရနံ့‌ေတွ‌ေကြာင့် ဆိုဦး တော့ အသိရှိတဲ့ သူသည် ကိုယ့်စိတ်ကိုယ်ထိန်းထားရမည် ၊

‌ေနာက်ဆုံးမနေနိုင်စွာ သူသည် အိုမီဂါလေးရဲ့ ကိုယ်အား အနည်းငယ်လျှောချကာ ခေါင်းအား သူ့ရင်ဘတ်ပေါ်တင်စေသည် ၊ ခုမှပဲ သူလည်း အသက်ရူ၀တော့သည် ၊ သူ့ရင်ခွင်ထဲ အိုမီဂါလေးကိုကြည့်လိုက်တဲ့အခါ အိပ်ပျော်နေသည်မှာ နှစ်နှစ်ခြိုက်ပင်ပင် ၊ အေးလေ ပင်ပန်းနေရောပေါ့ ၊

ဘာရယ်မဟုတ် အိုမီဂါလေးရဲ့ နဖူးပေါ်ဝှဲကြနေတဲ့ ဆံပင်ပေးတွေအား သပ်တင်ပေးနေမိသည် ၊ ပေါ်လာတဲ့ နဖူးဖြူဖြူဖွေးဖွေးလေးသည် ပြေးနမ်းချင်စရာအတိ ၊ အဲ့နောက် သူ့မျက်လုံးတို့သည် အိုမီဂါလေးရဲ့ နှုက်ခမ်းရဲရဲလေးတွေထက် တဖြည်းဖြည်း အကြည့်ရောက်မိတဲ့အခါ တစ်ခုခုလိုလာသလို~ အမြန်ပင် သူအကြည့်လွှဲမိသည်၊ သို့သော် သူမြင်ဖြစ်အောင်မြင်လိုက်ရပါသည် ၊ ထိုအိုမီဂါလေးရဲ့ နှုက်ခမ်းသားအောက်က မှဲ့နက်လေးကိုပေါ့

//𝙱𝙻𝙰𝙲𝙺 𝙰𝚗𝚍 𝚆𝙷𝙸𝚃𝙴 //        ( 𝓪𝓵𝓹𝓱𝓪 𝓪𝓷𝓭 𝓞𝓶𝓮𝓰𝓪)Where stories live. Discover now