Part (3)

921 83 0
                                    

ခင်လည်း အလုပ်သွားရမည်မို့ မနက်စောစောထလိုက်သည်။ ရေချိုးလိုက်ကာ ရုံး၀တ်စုံအားထုတ်ကာ၀တ်နေလိုက်သည်။

"အင်း ငါနဲ့လိုက်သားပဲ"မှန်ပေါ်မှပေါ်နေသော မိမိပုံရိပ်အားကြည့်ကာ ကျေနပ်နေမိသည်။
အတန်ကြာပြင်ဆင်ပြီးနောက် အလုပ်ရှိရာဆီသို့ လှမ်းလာခဲ့သည်။ သူငယ်ချင်းဖြစ်သူမှ လိုက်ပို့ပေးမည်ပြောသော်လည်း အားနာလှသည်မလား။

"အော် ညီမလေးရောက်လာပြီလား"

"ဟုတ်ကဲ့အမ"

"CEOတော့မရောက်သေးဘူး ညီမလေးရဲ့ ညီမလေးနေရဲ့နေရာရယ် စည်းကမ်းချက်လေးတွေရယ် အမပြောပြမယ်နော် လာလိုက်ခဲ့"ဟုဆိုကာ ရှေ့မှထွက်သွားလေသည်။ ခင်လည်းအူကြောင်ကြောင်လေးဖြင့်နောက်မှလိုက်လာသည်။

သူမသည် တစ်နေရာအရောက်တွင် ရပ်လိုက်သည်။ ထိုနေရာ၌ရေးထားသည့်စာမှာ CEOရုံးခန်းပင်တည်။

"ညီမလေးဒါကညီမထိုင်ရဲ့မဲ့နေရာပဲ"

"ဟုတ်"CEOရုံခန်းနှင့်မျက်နှာချင်းဆိုင်ဖြစ်သည်။ ခင့်ထိုင်ခုံနေရာမှကြည့်လျှင် CEOထိုင်မည့်နေရာအားတန်းမြင်နေရသည်။

"နောက်ပြီး စည်းကမ်းချက်‌ကတော့သိပ်အများရီးတော့မရှိပါဘူး အရေးကြီးတာတော့တစ်ခုပဲ"

"ဟုတ် အဲ့တာကဘာလဲဟင်"

"အလုပ်ချိန် နောက်မကျစေနဲ့"

"ရှင် ဘာဖြစ်လို့လဲဟင်"ခင်လည်း အရဲစွန့်ပြီး မေးလိုက်သည်။

"အလုပ်နောက်ကျရင် CEO က အပြစ်ပေးတတ်တယ်"သူမလည်း ထိုသို့ပြောပြီးထွက်သွားတော့သည်။ ထိုစကားကြောင့်လည်း ခင်ceoအားပို၍ကြောက်လာသည်။

ခင်လာ်း မိမိခုံနေရာလေးအား သန့်ရှင်းရေးလုပ်ကာ ပစ္စည်းများအား နေရာချလေသည်။
ခနအကြာ

"အော် မင်းရောက်လာပြီးပဲ morning"

"ဟုတ် morningပါceoရှင့်" ဟဲဟဲ ဒီတစ်ခါတော့ စကားမထစ်တော့ဘူးကွ ဟားဟား။ထိုသို့တွေးနေစဉ်

"အင်း ပြီးရင် ရုံးခန်းထဲခဏလာခဲ့ဦး"

"ဟုတ်ကဲ့"ခင့်အဖြေပင် မစောင့်။ခင့်အားကျောခိုင်းကာ အခန်းထဲ၀င်သွားသော ထိုအမျိုးသမီး။ အို......နောက်ကနေကြည့်လည်း သူမအလှကတစ်စက်မလျော့ပါလားနော်။ လူကြီးတွေပြောသည့် ရှေ့ကကြည့်လည်းလှ နောက်မှကြည့်လည်းလှဟူသော စကားသည် ထိုအမျိုးသမီးအားပြောသည်ဟုထင်ရလေသည်။ အဲ့လောက်ပင်လှပါသည်။
တွေးလက်စအားခဏရပ်ကာ ceoအခန်းထဲ၀င်သွားလိုက်သည်။

ရွှေမိုးပြိုလို့ ငိုပါစWhere stories live. Discover now