Part (5)

1.9K 111 17
                                    

အန်တီကသိပ်လှတယ်။ခင့်ကိုအရမ်းပဲပြုစားနိုင်လွန်းတယ်အန်တီရယ်။

"အန်တီ"

"ရှင်"

"ညနေကျရင် Once Companyနဲ့ စာချုပ်ချုပ်ဖို့သွားရမယ်အန်တီ"

"အော် အင်း"အန်တီမျက်နှာတစ်ချက်ပျက်သွားသည်။ ခင်သတိထားမိပါသည်။ အန်တီ့မျက်နှာကြည့်ကာ အရိပ်တကြည့်ကြည့်ဖြင့်နေရသော ခင်ကပိုသတိထားမိပါသည်။

"ဘယ်အချိန်လဲ"မျက်မှန်ကလေးပင့်ကာ ခင့်အားကြည့်ပြီးမေးလာသောအန်တီ။

"6 6နာရီပါအန်တီ"သူမအကြည့်ကြောင့် ရင်တွေခုန်လာသည်မို့ စကားတွေပါထစ်လာသည်။ သူမအားတည့်တည့်ပင်မကြည့်ရဲတော့၍ မျက်လွှာကလေးအား အောက်သို့ချထားလိုက်သည်။

"အင်းပါ ရှင်လည်း ကျွန်မနဲ့လိုက်ခဲ့ရမှာနော်"

"ရှင်"အရင်ကတခြားသူတွေနဲ့ စာချုပ်ချုပ်ရင်တစ်ယောက်တည်းသွားနေကျပါ။သို့ပေတည်း ဒီတစ်ခါတော့.....

"ဘာဖြစ်လို့လဲ"

"ဟိုလေ အန်တီ အဲ့အချိန်ကျ ခင်ရုံးဆင်းချိန်လေ" ခင်တို့companyရုံးဆင်းချိန်မှာ5နာရီဖြစ်လေသည်။

"ခင် ပြန်ရင်တို့ပြန်လိုက်ပို့မှာပါ လိုက်ခဲ့လေနော်"အန်တီမှ အတင်းခေါ်နေသည်မို့ ခင်လည်း မငြင်းသာတော့ပဲ ခေါင်းငြိမ့်လိုက်သည်။ ခင်ကြောက်တော့ကြောက်မိသည်။ အန်တီနှင့် အပြင်သွားတိုင်း တစ်ခုမဟုတ်တစ်ခုလွဲတတ်သည်‌လေ။

5နာရီခွဲသော်
"လာ သွာစို့" ခင်လက်မှနာရီအား ငုံ့ကြည့်လိုက်သည်။

"ဟုတ် လာပြီအန်တီ"ဟုဆိုကာ အန်တီ့နောက်မှလိုက်သွားလိုက်သည်။

ခင်တို့ 15မိနစ်သာ မောင်းလိုက်ရသည်။ ချိန်းထားသည့်အချိန်ထက်ပင် ပို၍စောနေသေးသည်။ သို့ပေမဲ့ ဟိုဘက်မှလူကခင်တို့ထက်ပင်ပိုစောနေသေးသည်။

"မင်္ဂလာပါဗျာ"ဟုပြုံးကာ နှုတ်ဆက်လာသော ထိုလူ။

အန်တီမှာတော့ပြုံးသည်ဆိုရုံသာ ပြုံးသည်။ စိတ်ထဲကမပါချေ။

အန်တီမှာ ထိုလူ၏မျက်နှာချင်း‌ဆိုင်ခုံတွင်၀င်ထိုင်လိုက်သည်။ခင်ကတော့ သူမဘေးသာထိုင်လိုက်သည်။

ရွှေမိုးပြိုလို့ ငိုပါစМесто, где живут истории. Откройте их для себя