Extra ♡

8.9K 323 15
                                    

"ခေတ်သစ်လေးရေ ဒီဖက်ကိုနော်။ ဒီဖက်"

နောက်က ကြားနေရတဲ့ ဦးဦးသူရရဲ့ အသံဆာဆာကြောင့် ခေတ်သစ် အားရကျေနပ်စွာ ပြုံးလိုက်ပြီး မျက်စိကို စုံမှိတ်ကာ အဖြူရောင် Lily ပန်းစည်းကြီးကို ခပ်မြင့်မြင့်ကို ရည်စူးလို့ ပစ်လိုက်သည်။

ထို့နောက်တွင်တော့ အကျယ်ဆုံး ကြားလိုက်ရသည်မှာ ဦးဦးမာန်နှင့် ဦးဦး သူရတို့ရဲ့ မချိတင်ကဲ ဆဲဆို ရေရွတ်သံများ။

"ဘာကိစ္စ အဲ့လူပျိုကြီး လုပ်မဲ့ကောင်ဆီကိုမှ ပန်းစည်းက ရောက်သွားရတာလဲ ! "

"မင်းဆီ ရောက်တော့ကော မင်း အန်တီက ပြန်ကြိုက်မှာကျနေတာပဲ"

အသက် ၃၅/၃၆ ပင် ရှိနေပြီကို ရန်ဖြစ်နေကြသေးသော သူငယ်ချင်းနှစ်ဦးရဲ့ ခေါင်းကို သက္ကရာဇ် ခပ်နာနာ ပိတ်ရိုက်လိုက်တော့မှ လက်ရှိအခြေအနေကို သတိထားမိပြီး ငြိမ်သွားကြသည်။ မကျေမနပ် အကြည့်တွေကတော့ Baby ပစ်လိုက်တဲ့ မင်္ဂလာပန်းစည်းကို မအူမလည်နဲ့ ကိုင်ထားမိတဲ့ ကုဋေဘုန်းဆီမှာ ကပ်စွဲနေလျှက်။

"ဟမ် ! သူများ မင်္ဂလာဆောင်မှာ လာကိုက်နေတယ်။ အဲ့လောက် ကိုက်ချင်ရင် အခြားနေရာ သွားနေကြ"

"မင်္ဂလာဆိုတာ မင်းတစ်ယောက်ထဲ ဆောင်လို့ ရတာ မဟုတ်ပါဘူး။ အဟမ်း ! "

မာန်က အစ်မမြင့်မိုရ်ကို ကြည်နူးရိပ်လွှမ်းနေတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်တော့ မာန့်လက်ကို တွဲချိတ်ထားတဲ့ အစ်မ မြင့်မိုရ်အိမ်က မာန့် လက်မောင်းကို အသာဆွဲဆိတ်ကာ ရှက်စနိုးနဲ့ မျက်နှာလွှဲသည်။

"Baby"

"ရှင့်"

"ကားပေါ် တက်ကြမယ်လေ"

"ဟုတ်"

ကတ္တီပါ အနီရောင်ကို ခင်းထားတဲ့ လျှောက်လမ်းပေါ်မှာ တစ်လှမ်းချင်း လှမ်းနေတဲ့၊ အနက်ရောင် မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ Baby ဟာ တခမ်းတနားနဲ့ကို လှ‌ပနေသည်။

ချစ်ရသူနဲ့အတူ အပြိုင် ခန့်ညားနေတဲ့ သက္ကရာဇ်မိုးကလည်း အနက်ရောင် ဝတ်စုံပြည့်နဲ့ တည်ကြည်လှစွာ မိန်းကလေးတိုင်း နှမြောချင်စရာအတိ။

She Is My Daddy! (Completed)Where stories live. Discover now