Chapter(15)

1.1K 224 12
                                    

[Unicode]

"ဘာ?!"
မုရုန်စ အလန့်တကြားထခုန်လိုက်မိသည်။
"အဲ့ဒီဇိုချီ...သူက အစ်ကိုဟွားဆီကအရိုက်ခံလိုက်ရတဲ့လူမဟုတ်လား?"

"သူ့အပြင်တခြားဘယ်သူရှိဦးမှာလဲ?"
ဟွားချဲ့ကမျက်လွှာချပြီး အတန်ကြာအောင်စဉ်းစားနေမိသည်။ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်ဓာတ်ကျအားငယ်ခြင်း အစရှိသည့်ခံစားချက်များနှင့်နှိုင်းယှဉ်ကြည့်လျှင် သူသည် ပေါက်ထွက်လာတော့မည့်ဒေါသကိုသာ ပို၍မျိုသိပ်ထားနေရသည်။

မူလကဟွားချဲ့လုပ်ချင်ခဲ့သည့် အရာအားလုံးမှာ သေခြင်းတရားကိုစောင့်ဆိုင်းရင်း စားလိုက်၊ ကစားလိုက်နေခွင့်ရခြင်းဖြစ်သည်။ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပြသနာမျိူးတွေ ဒီလောက်ဆက်တိုက်ဖြစ်လာလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

ဇိုချီက ရှင်းမပြနိုင်တဲ့အကြောင်းပြချက်နဲ့သေဆုံးသွားပေမယ့် ရှမ့်ချင်းအမတဂိုဏ်းက ဟွားချဲ့ကိုအပြစ်ဒဏ်စီရင်ဖို့ အပြေးအလွှားရောက်လာကြသည်။

ဇိုချီ့ကိုသတ်တဲ့လူက သူပါလို့ သူတို့တွေသံသယရှိတယ်ဆိုတာ ဖြစ်နိုင်လို့လား?

ဟာသလာလုပ်မနေနဲ့!

"ဆရာတူအစ်ကို ဘာမှစိတ်ပူမနေပါနဲ့"
ဟွားချဲ့သည် ခေါင်းမှခြေဖျားအထိ ချွေးများဖြင့် ဖုံးလွှမ်းနေသော ဝမ်ယွမ်ကိုကြည့်ကာပြောသည်။
"သန့်စင်တဲ့ရေက အမြဲတမ်းကြည်လင်နေပါလိမ့်မယ်"

ရှမ့်ချင်းအမတဂိုဏ်းက သူတို့ရဲ့တံခါးပေါက်ရှေ့ကိုရောက်နေပြီဖြစ်တာကြောင့် သူတို့ရဲ့အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ဆရာကို တစ်ယောက်တည်းထိပ်တိုက်ရင်ဆိုင်ခွင့်မပြုနိုင်ပေ။

ဟွားချဲ့သည် လင်းရှောင်ပင်မအဆောင်သို့ ချက်ချင်းလိုက်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ လက်ရှိတွင် ထိုနေရာတစ်ခုလုံးသည် လွန်စွာကျွက်ကျွက်ညံလျက်ရှိနေသည်။

ကျွမ့်ထျန်က စကားလုံးများဖြင့် တိုက်ပွဲဝင်နေရင်းဆိုသည်။
"မင်းရဲ့ဂိုဏ်းက ထက်မြက်တဲ့အဖိုးတန်တပည့်လေးကို ငါ့ရဲ့တပည့်၈ကသတ်ခဲ့တယ်လို့မင်းပြောတယ်။ ဒါပေမယ့် အဲ့ဒီစကားအတွက် မင်းမှာသက်သေရှိလို့လား? ပစ္စည်းအထောက်အထားရောရှိသလား? ဒီရက်ပိုင်းအတွင်းမှာ ငါ့ကလေးရှစ်ယောက်လုံးက ဂိုဏ်းထဲမှာပဲအမြဲရှိနေခဲ့ပြီး အပြင်ကိုလုံးဝမထွက်ခဲ့ဘူး။ ငါ့ရဲ့ဟောဒီဂိုဏ်းတစ်ခုလုံးက သူ့အတွက်သက်သေပဲ"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now