part 11

2.2K 309 128
                                    

Unicode

ဒီနေ့ရဲ့မိုးကောင်းကင်ဟာ အုံ့စိုင်းလျက်နဲ့
မလှပခဲ့ပါ။ထိုနည်းတူစွာ ပန်းခင်းလေး
လည်းညိုနွမ်းနေခဲ့သည်။ဒါတွေဟာ
ဒဏ်ရာလှလှပေးသွားသည့်အန်တီကြောင့်ပင်။

ညကဖြစ်ရပ်လေးဟာအိမ်မက်ဆန်လွန်းလှပါ၏။သိပ်ကိုပျော်ရွှင်ခဲ့ရသလို နာကျည်းဖွယ်ရာလည်း
ဖြစ်ခဲ့သည်။

ခုလိုများဒဏ်ရာခပ်လှလှပေးသွားသည့်
အန်တီကိုမုန်းချင်ပါသည်။မေ့ချင်ပါသည်။
သို့ပေမယ့်နှလုံးသားကအမိန့်နာမခံတာ
ခက်သား။ မုန်းချင်ပေမယ့်လွမ်းနေမိတယ်။

''မြေးလေး နေမကောင်းဘူးလားကွယ်''

အဘွားဟာနဖူးလေးကိုစမ်းရင်းပြောနေသည်။

''ကောင်းပါတယ်အဘွား''

''ဒါဖြင့်ရင် သမီးjennieနဲ့ ပြသနာတစုံတရာ
များတက်ခဲ့သလား''

''သူနဲ့လမ်းခွဲလိုက်ပြီ''

''ဘာအကြောင်းကြောင့်လမ်းခွဲသလဲ
အဘွားမမေးတော့ပါဘူးကွယ်
တစ်ခုတော့ရှိတယ်မြေးတစုံတခုကို
ဆုံးဖြတ်ပြီးရင်ဘယ်တော့မှနောင်တမရပါစေနဲ့
မှန်ရာကိုချင့်ချိန်တွေးတောဆုံးဖြတ်ပါကွယ်
အချို့ဆုံးဖြတ်ချက်တွေကနောင်တ
ရစရာတွေဖြစ်လာတတ်တယ်မြေး''

ဒါဆိုညက လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာ
မှားသွားပြီလား? အို့ မမှားဘူး
အန်တီဟာအချစ်နဲ့တန်သူမှမဟုတ်ဘဲ။

''သမီး ကျောင်းသွားတော့မယ်အဘွား''

''ဂရုစိုက်သွားနော်မြေးလေး''

အကဲခတ်တော်လွန်းသည့်
အဘွားကိုမျက်ကွယ်ပြုရင်းကျောင်းဖက်သို့
ယိုင်နဲ့နဲ့လျှောက်လှမ်းလာခဲ့သည်။
စီးနေကျစက်ဘီးလေးတောင်ထုတ်ဖို့ရန်
မေ့သွားခဲ့သည်။

''lisa ဒီနေ့စက်ဘီးမပါလာဘူးလား''

မေးသူဟာ ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်။

''အင်း''

''နင်ခုနေရောကောင်းရဲ့လား''

''အင်း''

''နင့်မှာစိတ်ညစ်စရာတွေများရှိနေလို့လားဟင်''

''chaeyoung နင်သိပ်စကားများလွန်းတယ်''

Aunty Daisy Where stories live. Discover now