Fairytale 3

29 6 0
                                    

ကြယ်တခါကြွေတိုင်း
ခြေတစ်လှမ်းနီးသလိုမျိုးပေါ့...

ကြယ်ဆိုတာ အနီးဆုံးမှာရှိမယ်လို့ ထင်ရပေမယ့် လက်လှမ်းမမှီနိုင်အောင် ဝေးလွန်းတယ်။တချို့ကတော့ ခံစားချက်မဲ့တဲ့ ဥက္ကာခဲအပိုင်းအစတွေတဲ့။အမျိုးမျိုးပြောကြပေမယ့်လို့ လူတိုင်းမှာ​ကြယ်တွေနဲ့ပတ်သတ်ပြီး ပုံပြင်တွေရှိတတ်ကြတယ်။နေ့ခင်းဘက်မှာလင်းတဲ့ကြယ်ဟာလည်း တစုံတယောက်အတွက် အလုံးစုံသောကမ္ဘာဖြစ်နိုင်တာပဲလေ။

ငေးမိတိုင်းပျော်ရတဲ့ တစုံတရာဟာ ကြယ်ဖြစ်သတဲ့။ကိုယ်ငေးမော့ကြည့်တိုင်းမှာဟင်းလင်ပြင်ဆီကနေ လင်းပြတတ်တဲ့ ကြယ်လေးရှိတယ်။တနည်းအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် ထာဝရဆိုတာကိုပေးချင်မိတဲ့ တစုံတရာပေါ့။

ပိုးစုန်းကြူးတွေ လင်းတဲ့ညနက်မှာ ကိုယ်ဟာ သူ့ကိုငေးကြည့်နေတတ်တယ်။ပျော်ရွှင်မှုဆိုတဲ့ခေါင်းစဥ်ဟာ ငေးကြည့်ခြင်းကနေ မြစ်ဖျားတည်တယ်ထင်ပါရဲ့။ကြယ်ရောင်ပျောက်ညတချို့မှာ ကိုယ်ဟာ မြူတွေရစ်ဝိုင်းတတ်ပေမယ့် ထောင့်ချိုးလေးကတော့ သူ့ပုံစံအတိုင်းတိတ်တဆိတ်နဲ့ နေပေးတတ်တယ်။ငေးကြည့်ခြင်းဆိုတာနဲ့ သူလည်း နေသားတကျဖြစ်ခဲ့ဖူးတော့ နားလည်ပါတယ်တဲ့။

ကိုယ်လေ လူတွေပြောလေ့ရှိတဲ့ ယုံတမ်းပုံပြင်တွေကို မုန်းတယ်။ကြယ်တွေကိုကြွေခိုင်းပြီး သူတို့ဆုတောင်းတွေဖြည့်တတ်ကြတာ အရမ်း အတ္တကြီးလွန်းတာပဲ။ဒါပေမယ့်လို့ ကြယ်ပျောက်ညတွေမှာဆို ကိုယ်လည်းလူတွေလိုမျိုး အတ္တကြီးမိလေ့ရှိတယ်။

မမြင်ရတဲ့ ကြယ်တချို့ကို ရိုက်ချပြီးတော့ ကိုယ်ပိုင်ကြယ်လေးကိုမြင်ရဖို့ ဆုတောင်းမိတယ်။အဲဒီ့လို စိတ်ရူးပေါက်ညတွေဆိုရင် ထောင့်ချိုးပိုင်းလေးဟာ ကိုယ့်ကို အရမ်းကြီးမနှစ်မြှုပ်ထားဖို့ နှစ်သိမ့်တတ်တယ်။ကိုယ်လေ လူတွေရဲ့ဆုတောင်း​ထဲ ကြယ်လေးကြွေသွားမှာ အရမ်းစိုးရိမ်တာပဲ။

သူပျောက်နေတတ်တဲ့အချိန်မျိုးဆို ကိုယ်ဟာ ဖောက်ပြန်နေတဲ့ဥတုတစ်ခုပဲ။ ဒါပေမယ့်ပေါ့ တစုံတယောက်ဆုတောင်းလို့ သူကြွေသွားခဲ့ရင်တောင် ကိုယ်ရှိတဲ့ နေရာမှာပိုးစုန်းကြူးလေးလာဖြစ်ဖို့ စိတ်ရူးပေါက်ပြီး မျှော်လင့်မိပြန်ရော။ဒီလိုဆို သူထွက်မသွားနိုင်အောင် ကိုယ်နဲ့အနီးဆုံးမှာထားပစ်မိလိမ့်မယ်။

Fairytales at 94 cornerWhere stories live. Discover now