Part-27💕

645 43 2
                                    

Zawgyi

သာယာတဲ့ည​နေဆည်းဆာချိန်​မှာ​ရှောင်းစံအိမ်​​တော်​တွင် ကား​​ပေါင်းများစွာ စီစီရီရီရပ်​ထားကြသည်​။ ခြံဝင်းတစ်​ခုလုံး မီး​လုံးမီး​ကွေး​တွေနဲ့အလှဆင်​ထားပြီး အိမ်​​တော်​တစ်​ခုလုံး ဖိတ်​ဖိတ်​​တောက်​လျက်​ရှိသည်​။ အ​ဝေးကကြည့်​ရုံ​နဲ့တင်​ ပွဲ​​တော်​ကြီးတစ်​ခုဆင်​နွှဲ​နေမှန်းသိသာသည်​အထိ ​တောက်​ပ​နေတာဖြစ်​သည်​။ အိမ်​​တော်​အတွင်းတွင်​​တော့ အနီနဲ့အနက်​သာအသုံးပြုထားတဲ့ ပွဲအပြင်​အဆင်​​တွေကို​တွေ့ရမှာဖြစ်​သည်​။ အလယ်​တွင်​စတိတ်​​စင်​တစ်​ခုရှိ​နေပြီး ၀ဲဘက်​တွင်​ စား​သောက်​ဖို့စီစဉ်​ထားတဲ့ ခုံတန်းရှည်​ကြီးရှိပြီး ယာဘက်​တွင်​​တော့ စားပွဲခုံများစွာ အစီအရီချထားသည်​။ စားပွဲခုံများတွင်​ လူများအပြည့်​ထိုင်​​နေကြသလို အစား​သောက်​တန်းတွင်​လဲ လူများကြိတ်​ကြိတ်​တိုးလျက်​ရှိ​နေပြီး အလယ်​တွင်​​တော့ အနက်​​ရောင်​နှင့်​အနီ​ရောင်​​ရောယှက်​ထားသည့်​ ၀တ်​စုံများကိုဆင်​မြန်းထားသည့်​ လူ​ချော​လေးနှစ်​​ယောက်​ရှိ​နေသည်​။

"ရိ​ပေါ်"

"ကျိရန်​​ကော"

"Congratulations ရိ​ပေါ်နဲ့​ရှောင်​ကျန့်​"

"​ကျေးဇူးပါ​ကော ​ကောအခုမှ​ရောက်​တာလား
နောက်​ကျလိုက်​တာ"

"ဒါ​တောင်​ငါဆွဲ​ခေါ်လာလို့​ဟေ့ ဘယ်​မိန်းက​လေးကိုချိန်​​နေတယ်​မသိ
ပြင်​လို့ဆင်​လို့ကိုမပြီးနိုင်​ဘူး"

ရိ​ပေါ် ကျိရန်​​ကိုရန်​​တွေ့​နေတုန်း ဘယ်​ကမှန်းမသိ​ပေါ်လာတဲ့​​ဟောက်​ရွှမ်းက မချိတင်​ကဲနဲ့ ကျိရန်​ဂုတ်​​ပေါ်လက်​တင်​ပြီး ​ပြောလာသည်​။
ကျိရန်​က အဖြူ​ရောင်​coatကိုဝတ်​ဆင်​ထားပြီး အပြာ​ရောင်​pantနှင့်​တွဲဖက်​ထားတာဖြစ်​သည်​။ ​ဟောက်​ရွှမ်းက​တော့​ပြောင်းပြန်​ အပြာ​ရောင်​coatကိုအဖြူ​ရောင်​pantနှင့်​တွဲဝတ်​ထားတာဖြစ်​သည်​။

"​ကော​​ကောတို့ကဆင်​တူဝတ်​လာပြီး​တော့
ဘယ်​မိန်းက​လေးကိုလိုက်​ချိန်​မလို့လဲ"

A Story About Love[Complete](အချစ်ရဲ့ပုံပြင်လေးတစ်ပုဒ်)Donde viven las historias. Descúbrelo ahora