1

125K 207 1
                                    

အသက်ငယ်ငယ် ရမ္မက်ကြွယ်

အသက်ငယ်ငယ် ရမ္မက်ကြွယ်
ရေး - အမည်မသိ

“ အကြော် ပူပူနွေးနွေး လေးတွေနော်…”

လမ်းပေါ်လျှောက်လာသော လမ်းသွားလမ်းလာ မိန်းမကြီးနှစ်ယောက် ရှေ့မှ ဖြတ်သွားတာ တွေ့၍ မသိန်းရီက အသံကျယ်ကျယ်ဖြင့် အကြော်အော်ရောင်းလိုက်သည်..။  မိန်းမကြီးနှစ်ယောက်က တစ်ချက်လှည့်ကြည့်ပြီး ဆက်လျှောက်သွားကြသည်..။

“ သိန်းရီ…မကုန်သေးဘူးလား…ဟ..”

ဆိုက်ကားပေါ် ထိုင်၍ နေသော အညာသားက သိန်းရီကို မေးလိုက်ရင်း ဆိုက်ကားပေါ်မှ ဆင်း၍ ဆိုက်ကားကို လမ်းမပေါ်သို့ တွန်းတင်လိုက်သည်.။

“ မကုန်သေးပါဘူး..ဟာ…”

“ ရပ်ကွက်တွေထဲ လှည့်ပြီး ရောင်းကြည့်အုံးပေါ့ဟ…ငါတော့ ကားဂိတ်ဖက်သွားပြီး ဆွဲကြည့်လိုက်အုံးမယ်…”

“ အေး..ခဏတော့ ရောင်းကြည့်အုံးမယ် ဟာ…မကုန်တော့လည်း လှည့်ရောင်းရမှာပေါ့…”

အညာသား ဆိုက်ကားနင်း၍ ထွက်သွားပြီ..။ ဆိုက်ကားဂိတ်ထဲတွင် ဆိုက်ကားတစ်စီးမှ မရှိတော့..။  လမ်းဘေးတွင် ချထားသော ထင်းရှူးသေတ္တာ အကျိုးလေးပေါ်တွင် အကြော်ဗန်း တင်ပြီး ရောင်းနေသော သိန်းရီ တစ်ယောက်ထဲသာ ဆိုက်ကားဂိတ်နားတွင် ကျန်တော့သည်..။

“ ဦးလေးကြီး …. ဘယ်နှစ်နာရီ ရှိပလဲ…”

ရှေ့မှ ဖြတ်လျှောက်သွားသော အသက်ငါးဆယ်လောက်ရှိသည့် ကုလားကြီးတစ်ယောက်ကို သိန်းရီ လှမ်းမေးလိုက်သည်..။

“ နှစ်နာရီ ခွဲပြီ…. ကောင်မလေး…”

ကုလားကြီးက လက်ပတ်နာရီကို ငုံ့ကြည်ြ့့ပီး သိန်းရီကို လှည့်ကြည့်ကာ ပြောသည်.။  သိန်းရီကို လှည့်ကြည့်လိုက်သော ကုလားကြီး၏ မျက်လုံးများက စူးစူးဝါးဝါး နိုင်လှသည်..။  ပေါ်ပေါ်တင်တင် မျက်လုံးကြီးဖြင့် သိသိသာသာကြီး ရပ်ကြည့်နေပြီးမှ  ကုလားကြီးက ရှေ့ဘက်သို့ ဆက်လျှောက်သွားသည်..။

သိန်းရီက မသိချင်ယောင်ဆောင်၍ ရှေ့မှ အကြော်ဗန်းကို ကြည့်နေလိုက်သည်..။  ဒါမျိုးတွေက  သိန်းရီအဖို့ မြင်ပါများတော့ ရိုးနေပြီ ..။ သိန်းရီ အသက် ၃၀ သာ ရှိသေးသည်..။  ခန္ဓာကိုယ်က လုံးကြီးပေါက်လှ အချိုးကျပြီး၊ နှာတံပေါ်ပေါ် မျက်ခုံးကောင်းကောင်းဖြင့် လှပတောင့်တင်းသူတစ်ယောက် ဖြစ်သည်.။  မူလက ဖြူသော အသားအရည်က နေလောင်ထားသဖြင့် နီမြန်းနေသည်..။

say yes to heaven(18+collection)Where stories live. Discover now