4

47.4K 78 0
                                    

ကူညီပါရေစ … (အစ/အဆုံး)
••••••••••••••••
တစ်နေ့ ကျွန်မ အမျိုးသား အိမ်ကို ဖုန်းဆက်လာတယ်။ သူ မတော်တဆမှု ဖြစ်တဲ့အကြောင်းနဲ့ သူ့ကားနဲ့ တိုက်မိတဲ့သူ(လူနာ)ကို အိမ်ခေါ်လာမဲ့ အကြောင်းပေါ့။ အမျိုးသားက ရဲကိစ္စအရှုပ်အရှင်းတွေ မပတ်သက်ချင်တာနဲ့ လူနာကို အိမ်မှာပဲ ကုဖို့ စိတ်ကူးလိုက်တာပါ။

လူနာက အရပ် ခြောက်ပေနီးပါး ကြွက်သားအမြောင်းမြောင်းရှိတဲ့ ကိုယ်ခန္ဓာနဲ့ပါ။ အမျိုးသားက သတိမေ့နေတဲ့ လူနာကို ခေါင်းက ဒဏ်ရာကို ပတ်တီးစည်းပေးတယ်။ လက်ဖဝါးနဲ့ ဒူးက ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ပြီး ဆေးထည့်ပေးတယ်။ တစ်နာရီလောက်နေတော့ သူသတိရလာပြီး အမျိုးသားနဲ့ စကားပြောနေတယ်။ အိမ်မှာ ကုပေးတာကိုလဲ သဘောတူတယ်။ အမျိုးသားက သူ့ကို အိမ်မှာ တစ်ပတ်လောက်နေဖို့ ပြောလိုက်တယ်။ အမျိုးသားက ကျွန်မကို ခေါ်ပြီး လူနာနဲ့ မိတ်ဆက်ပေးတယ်။ သူက ကျွန်မ ခန္ဓာကိုယ်ကို သေချာကြည့်နေတယ်။

အမျိုးသား: "အချစ်ရေ သူက ကိုယ်တို့အိမ်မှာ တစ်ပတ်လောက်နေလိမ့်မယ်။"

ကျွန်မ အနေနဲ့ အဆင်ပြေပါတယ်။ လူနာကို အစားအသောက်ကိစ္စတော့ မေးလိုက်တယ်။ မစားတဲ့ အသား ဘာညာပေါ့။ သူက ဘာမဆို အကုန်စားပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာ မကြောင်တတ်ပါဘူး။ အဲဒီညက ညစာ အတူတူ စားကြတယ်။ လူနာက ကျွန်မ အချက်အပြုတ်နဲ့ အလှအပကို ချီးမွမ်းတယ်။ ကျွန်မလည်း မိန်းမတို့သဘာဝ သူ့စကားလုံးတွေနဲ့ အားရတယ်။ ကျေနပ်တယ်။ ပီတိဖြစ်တယ်ပေါ့။

နောက်နေ့ မနက် ၈ နာရီမှာတော့ အမျိုးသားက သူ့ဆေးရုံကို သွားတယ်။ လူနာ (သန့်စင်) ကတော့ အိပ်မောကျနေတုန်းပါပဲ။ ကျွန်မ ကလေးကို ကျောင်းကားပေါ်တင်ပေးပြီး အိမ်ပြန်လာတော့ ၉ နာရီလောက် ဖြစ်နေပြီ။ သန့်စင်က အိပ်နေတုန်းပဲ။ ကျွန်မလဲ အိုက်စပ်စပ် ဖြစ်လာတာနဲ့ ရေကူးကန်မှာ ရေစိမ်ဖို့ အကြံရတယ်။ အိပ်ခန်းထဲဝင်ပြီး ရေကူးဝတ်စုံ ဝတ်တယ်။ အပေါ်က ခါးစည်းကြို းပါတဲ့ ဝတ်စုံကို ထပ်ဝတ်လိုက်တယ်။ ပြီးတော့ ရေကူးကန်ရှိတဲ့ မြေညီထပ်ကို ဆင်းလာခဲ့တယ်။ ကျွန်မတို့ အခန်းက ပထမထပ်မှာပါ။ အခန်းကနေ ရေကူးကန်ကိုလဲ လှမ်းမြင်နေရတယ်။

say yes to heaven(18+collection)Where stories live. Discover now