အခန်း(၃)/အခန္း(၃)

3.7K 340 93
                                    

Unicode
*******

"Customer ​တွေ complaint ​ တက်ရင်ကမှ ​ဖြေရှင်းရလွယ်​သေးတယ် နင့်ဘဲ အူတိုတာကျ ​ဖြေရှင်းရခက်လိုက်တာ နှမ​ပေးက တစ်ဖက်ပိတ်ရယ်"

သစ်သစ် ​ဘေးက ဝန်ထမ်း ​ကောင်မ​လေး နှစ်​ယောက် တိုးတိုး​ပြော​နေတာကြားပြီး နားစွင့်မိသွားသည်။ စက္ကူဖြတ်စက်နားသွားရင်း ကြားလိုက်တော့ ဘာမဆိုင်ညာမဆိုင် ကိုကို​သောက်​တောင်သတိရသွားသည်။

"တစ်ဖက်တင်မကဘူး နှစ်ဖက်လုံးပိတ်​နေတာ
ရုံး ferry ယူတာ ငါတစ်​ယောက်တည်းမှမဟုတ်ဘဲ ဒရိုင်ဘာနဲ့ စကား​ပြောလည်းမကြိုက်ဘူး သူ​ဌေး ​ခေါ်လို့ သွားလည်းမကြိုက်ဘူး ဒါ​တောင်တို့သူ​ဌေးကတည်တည်တံ့တံ့မို့ ကြာရင်ငါလည်း စိတ်ရှုပ်လို့ ဖြတ်​တော့မှာ "

သစ်သစ် စိတ်မ​ကောင်းဖြစ်မိသည်။
တကယ်ဆို သဝန်တိုတာ ချစ်လို့ပဲ​လေ
သစ်သစ်​တော့ ကိုကိုသာသဝန်တိုမယ်ဆိုရင် အားကြီးသ​ဘောကျမှာ

ခက်တာက ဦး​သောကြာ သဝန်တိုဖို့အ​ရေး ကမ်းမမြင် လမ်းမမြင် ​မော်​တော်မမြင် ဖြစ်​နေရ​လေသည်။

အ​ခွေဆိုင် လည်းမသွားဖြစ်​တော့ အရင်လိုဆိုင်ရှင်ကိုကြီး​ကြောင့်သူဆူတာမခံရ​တော့ပါ။ သစ်သစ်မှာ ဇာတ်ကားကြည့်ဖို့အချိန်မှမရှိ​တော့တာ... ကိုကိုလစ်ရင် laptop တစ်လုံးနဲ့ အလုပ်ရှုပ်​နေရတာ...

"နင့်အ​မေက သူ့ကိုသ​ဘောကျ​နေတာဆို"

"ဟဲ့ ​ပေါက်ကရ ငါ့အ​ဖေကြားလို့ နင်​ပြေး​ပေါက်မှားဦးမယ်"

"ဪ ဒီ​သေနာမကလည်း ငါက နင့်အ​မေ သမက်​တော်ဖို့သ​ဘောကျတယ်​ပြောတာ... ချီးဘရိန်းနဲ့..."

"ရှင်းရှင်း​​ပြော​လေဟယ်
ငါ့အ​မေ ကြိုက်လည်း ငါမှမကြိုက်ဘဲ...
သမီး အပျိုကြီးလုပ်မလို့​ လို့ပြောလိုက်ရင် ပြီးတာပဲ"

"ဟဲ့... ​နွေကသစ် စက္ကူ​တွေ တွန့်ကုန်ပြီ
နင်ဘယ်လိုလုပ်လိုက်တာလဲ"

သစ်သစ် သူများအ​ကြောင်းစပ်စုရင်း လက်လွန်ကြက်သွန်ဖြစ်ကာ ဂျာကြီးလုပ်ခိုင်းထားသည့်​ကြော်ညာဖိတ်စာ​တွေ ရွဲ့​စောင်းကုန်သည်။
ခုနက အတင်းတုပ်​နေတဲ့ office girls ​လေး​တွေလည်း အရှိန်သတ်ကုန်သည်။

သစ်သစ်က​ယောကျာ်း​ကြောက်ရတယ်(Completed)Where stories live. Discover now