အပိုင်း [ ၃ ]

449 40 2
                                    

ဘုန်းကြီးကျောင်းက အုံးမောင်းခေါက်သံကြောင့် ရွက်ကြွေတစ်ယောက် အိပ်ယာကနိုးလာခဲ့သည် ။ သူနာရီကို ကြည့်လိုက်တော့ မနက် တစ်ချက်ထိုးနေပြီဖြစ်သည် ။ သူလည်း အိပ်ယာမှထကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်သည် ။

ဒီနေ့က ကျောင်းမှာ ပထမဆုံး စာစသင်ရမည့် နေ့ဖြစ်တာကြောင့် သူအနည်းငယ်တော့ စိတ်လှုပ်ရှားမိတာ အမှန်ပင် ။ မနေ့က ညနေစောင်းလောက် ဘဘုန်းနဲ့ သွားတွေ့ပြီးပြီဖြစ်သည် ။ ဘဘုန်းက သူက တစ်ယောက်တည်းဆိုတော့ စားရေးသောက်ရေးကို ဦးကြီးတိမ်နေတို့ အိမ်မှာဘဲ အတူသွားစားရန် မှာလိုက်သည် ။

သူတို့က သားအဖနှစ်ယောက်တည်းဆိုတော့ တစ်ယောက်စာလောက်ပိုလည်း ဘာမှမဖြစ်တာမို့ အားမနာဘဲ လာစားရန် ဦးကြီးတိမ်နေကလည်း ပြောလိုက်သေးသည် ။ ပြီးတော့ ဦးကြီးတိမ်နေက ဟို ဂွစာကောင်ရဲ့ အဖေတဲ့လေ ။ ဘယ်လိုတောင် တိုက်ဆိုင်နေလိုက်တာလဲ ။

" ဗျို့ အိမ်ထဲကလူ ၊ ခင်ဗျား ဒီနေ့ ထွက်လာဦးမှာလား "

" ငါလာနေပြီ ၊ မင်းအသံပြဲကြီးနဲ့ အရှက်မရှိ အော်မနေနဲ့ ဂွစာကောင်ရဲ့ "

" ဘာဗျ ၊ ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တာလဲ "

" ဘာဖြစ်လို့လဲ ၊ မင်းက လူ့ဂွစာနဲ့တူလို့ ဂွစာကောင်လို့ခေါ်တာလေ "

" ခင်ဗျား! .... "

" ဘာဖြစ်လို့လဲ ...ဟင် "

ဒီသာလိကပေါက်ကတော့ ကျုပ်ကိုလာလာဆွနေတာဘဲ ။ ဟင်းဟင်း ... ။

" ခင်ဗျား အမြန်လာခဲ့ ၊ အဘက မနက်စာစားဖို့စောင့်နေပြီ "

" ငါ့ဘာသာငါလာတတ်တယ် ဟွန်း "

" ခင်ဗျား မနေ့ကမှ ရွာကို ရောက်တာ သာလိကာပေါက်ရဲ့ "

" ဘာ ! .... မင်း .. "

" ဘာဖြစ်လို့လဲ ၊ ခင်ဗျားလည်း ကျုပ်ကို ဂွစာကောင်လို့ ခေါ်တာဘဲမလား "

" မင်း .... ၊ မင်း ... "

" မင်း .... ၊ ဘာဖြစ်လဲ "

" ငါ သာလိကာပေါက်မဟုတ်ဘူး "

" သာလိကာပေါက်လို့ မခေါ်ရင် ကျုပ်က ဘယ်လို ခေါ်ရမလဲ ၊ ခင်ဗျားက သာလိကာပေါက်တွေလိုဘဲ ပွစိပွစိနဲ့ ဘာတွေရေရွတ်နေမှန်းမသိဘူး "

ညို့ယူရက်နိုင်သောအရှင် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now