အဆွေးဓာတ်ခံလူသား

12 4 0
                                    

သီချင်းလေးတစ်ပုဒ်ကို နားထောင်မိသွားတယ်...။
ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့်ကိုယ့်ရင်ကိုထိစေတဲ့သီချင်းတွေ..ကဗျာတွေကျတော့ ယောက်ျားလေး တွေကြိုက်တတ်တဲ့ သီချင်းမျိုး။
အလွမ်းသီချင်း ချင်းတူရင်တောင် မိန်းကလေးဘက်က ခံစားရေးထားတာမျိုးဆို သိပ်မထိဘူး..။

သင်တန်းတစ်ခုမှာ စကားပြောလေ့ကျင့်ချိန်မှာ ကိုယ်မေးခွန်းတစ်ခုမေးခံရဖူးတယ်။

''ဘယ်အဆိုရှင်ကို ကြိုက်လဲတဲ့''...။

ကိုယ်က...''မာရဇ္ဇ ''လို့ဖြေတော့ ...
သူက ''အဆွေးဓာတ်ခံ ရှိတာပေါ့နော်တဲ့''

ဝန်ခံရရင် အဲ့တုန်းက ကိုယ်မျက်နှာပျက်သွားခဲ့တယ်။

သူက ''Sorry နော်''တဲ့။ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့် လေ...ခုပြန်တွေးမိတိုင်း..ကိုယ့်ကိုယ်ကိုယ် စဥ်းစားမရဘူး။
ဘာကြောင့် အဲ့လိုတုံ့ပြန်မိသွားလဲ ဆိုတာကို။
တကယ်ဆို အဲ့လိုဖြစ်စရာမှမလိုဘဲလေ...။
နောက်တော့ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်တော့ သူပြောခဲ့တာ ဟုတ်သလိုလိုတော့ ရှိသားလို့ တွေးမိတယ် ။

ကိုယ်ဟာ အဆွေးဓာတ်ခံ နဲ့လူသားတစ်ယောက်ပါ...။
အမယ်...မှတ်မိသေးတယ်...။
ငယ်ငယ်ကဆို ငိုရင်တောင် သီချင်းလေးနဲ့မှ...။သီချင်းအအေး အဆွေးလေးတွေနဲ့ဆို မျက်ရည် ကျလို့ကောင်းမှကောင်း😂

Mon,March 14
(မရည်ရွယ်ဘဲ你,好不好?ဆိုတဲ့သီချင်းလေးကို သုံးခေါက်တိတိပြန်နားထောင်မိရင်းစာသားတွေကို ခံစားမိရာမှ ဖမ်းဆုပ်မိတဲ့ အတွေးတစ်စပါ)

ဖမ်းဆုပ်မိသောအတွေးများWhere stories live. Discover now