"ကူးပိစိ နှင့် Bammie"

1.2K 104 26
                                    

Unicode

JK:"Koa!Koa! သားအဲ့ခွေးလေးမွေးချင်တယ်"

Koaဆိုတာ Kim Namjoon ဆိုသည့်အမျိုးသားအတွက် ကလေးပေါက်မှပေးထားသည့် တသီးတသန့်အမည်နာမ‌‌ေလး။
Koalaနှင့်တူသည်ဆိုပြီး အဖျားစွတ်ကာ Koaလို့‌ေခါ်သည်တဲ့‌ေလ။

သူ၏အမျိုးသားပေါက်လေး၏ အသံဆာဆာလေးပင် မနက်ခင်းစောစောက မနက်ခင်းလမ်းလျှောက်ထွက်ရင် တွေ့ခဲ့သည့် Doberman အမျိုးအစားခွေးကိုမှမွေးချင်သည်တဲ့လေ။

NJ:"ကူး မဆိုးနဲ့ကွာ။ ကူးမွေးချင်တဲ့ ခွေးအမျိုးအစားက ကူးရဲ့ နှစ်ပြန် သုံးပြန်စာလောက်ကြီးလာဦးမှာ ပိစိရဲ့"

JK:"မရဘူး သားဒီနေ့မှ Doberman  ခွေးမရရင် အခန်းထဲကအခန်းပြင်လည်း မထထွက်ဘဲ ထမင်းပါ အငတ်ခံပစ်မှာ"

NJ:"ကူး! ကိုကိုပြောတာနားထောင်စမ်း။ အဲ့လိုဂျစ်တိုက်နေရင် ကိုကို မင်းကိုဆူ

မိလိမ့်မယ်"

JK:"အဟင့် ဟင့် Koaက သားကိုအော်တယ် တော်ပြီ Koa ကိုမခေါ်တော့ဘူး။Koa ကိုမုန်းတယ်။ နောမူး မီဝေါ့"

မုန်းသည်ပြောပြီးအပေါ်ထပ်ပြေးတက်သွားသော ကလေးပေါက်ကြောင့် သက်ပြင်းလျော့လျော့လေး ချမိသည်။ခွေးမွေးချင်တာကို မဝယ်ပေးနိုင်လို့ မဝယ်ပေးချင်လို့မဟုတ်ပါ။ ကလေးအတွက်ဆို ကမ္ဘာလုံးကြီး‌ကိုဘဲ ရော့ဟဲ့ အင့်ဟဲ့ဆိုပြီး ပိုက်ဆံနဲ့ပေါက်ပြီးဝယ်ပေးနိုင်လောက်သည်အထိ ကလေးပေါက် စကားလုံးတိုင်းက Kim Namjoon အတွက်အရေးပါပါသည်။

သို့ပေမယ့် ကျန်းမာရေးချူချာပြီး အနည်းငယ် သေး‌သယောင်ရှိသည့် ကလေးငယ်နဲ့ အဲ့လိုခွေးမျိုးစိတ်မျိုးက လားလားမှမသက်ဆိုင်။ အဆော့သန်သည့်ကလေးပေါက်နှင့်ဆို ခွေးနောက်တကောက်ကောက် လိုက်နေမှာမြင်ယောင်သေးသည်။ နဂိုကတည်းက ထိုခွေးမျိုးစိတ်မျိုးက အားကောင်းပြီး တရှိန်ထိုးလုပ်တတ်သည့်ခွေးမျိုး ။ခွေးကျောင်းရင်း ကလေးငယ်တခုခု ဖြစ်မှာမှာဆိုး‌တာကြောင့် Namjoon ဝယ်မပေးချင်ပါ။

အခြား ခွေးမျိုးစိတ်တွေကိုပြပြီးဖျောင်းဖျကြည့်ပါသော်လည်းကလေးပေါက်က ပြောမရ Doberman မျိုးစိတ်မှသာလိုချင်သည်တဲ့လေ။

♡︎𝙆𝙪𝙪 𝙋𝙞𝙨𝙞♡︎Onde histórias criam vida. Descubra agora