ကူးကူးက Koa ကိုအများကြီးချစ်တယ်

787 80 20
                                    

Unicode

Namjoon  တစ်ယောက် ဒီနေ့ အရေးတကြီး Company meeting ကြောင့် မနက်အစော company သို့သွားရမည်။
အိပ်ရာပေါ်က ကလေးငယ်ကတော့ စောင်ထဲတွင်မြုပ်ကာ လုံးလုံးလေးဖြစ်နေသည်။

NJ:"ကူးကူး ကိုကို company သွားတော့မယ်နော်"

JK:"ဟင် Koa ပြောတော့ ဒီနေ့ company မသွားရဘူးဆို?"

NJ:"အင်း ဟုတ်တယ် ကိုကို ဒီနေ့ အရေးကြီးလို့သွားရမှာ"

JK:"Koa ကတိမတည်ဘူးဘဲ  ဒါပေမယ့် ကတိမတည်တဲ့ Koa ကိုသားက ချစ်တယ် အဟိ"

ကူးပေါက်သည် သိပ်ကိုချွဲတတ်သည့် အချွဲလေး။ ကင်မ်နမ်ဂျွန်းရဲ့ ရုံးပတေသီးလေး........

NJ:"ကိုကို့ နှလုံးခုန်တွေမြန်လွန်းလို့ company  မသွားနိုင်တော့ဘူးထင်တယ်"

JK:"သွားတော့လေ Koa ရယ် နောက်ကျတော့မယ် စောစောပြန်လာနော် သားစောင့်နေမှာဗျ"

NJ:"ဟုတ်ပါပြီဗျာ အခုတော့ ထတော့ ကူး ဒီနေ့ အကိုမင်ဂျယ်က ကိုကိုနဲ့ company  လိုက်ရမှာမို့ ကိုကို့ ကူးလေးတစ်ယောက်တည်း ဖြစ်နေမှာဆိုးလို့ မားတို့အိမ်ကို လိုက်ပို့ပေးမယ်"

JK:"ရေးးးးး မားမား Kim တို့ဆီသွားမယ်။ အခုသွားရမယ်"

ကူးပေါက်သည် Namjoon တို့ အိမ်ရဲ့ ကလေးလေး အိမ်ရဲ့ဆည်းလည်းလေး အိမ်ရဲ့ရောင်ခြည်လေး။ တအိမ်လုံးကလည်း သည်းသည်းလှုပ်ကြသည်။

JK:"ဒီနေ့ ကိုကို ယောင်း အိမ်မှာရှိ‌ေနရင်ကောင်းမယ်။ ကိုကိုဆော့ဂျင်နဲ့ ဟိုတလောက တွေ့ရပေမယ့် ကိုကို ယောင်းနဲ့ ခရီးကပြန်လာကတည်းက မတွေ့ရသေးဘူး"

NJ:"ကဲ ကိုကိုက ကူးလေး ကိုကိုယောင်းတို့ ကိုကိုဆော့ဂျင်တို့ နဲ့တွေ့ရအောင် အခုလိုက်ပို့ပေးမယ်နော်။ အခုလောလောဆယ်တော့ မျက်နှာသစ်ရအောင် လာ "

JK:"Koa သစ်ပေးမယ်မလား။"

NJ:"သစ်ပေးမှာပေါ့ဗျာ သစ်ပေးမှာပေါ့ ကိုကို့မှာ ဒီကလေးလေး တစ်ယောက်တည်းရှိတာကို"

ကူးပေါက်အားမျက်နှာသစ် သွားတိုက်ပေးပြီး တနေ့ကမှ ဝယ်ပေးထားတဲ့ LV ခဲရောင်ဝမ်းဆက်လေးကိုဝတ်ပေးလိုက်သည်။ တကိုယ်လုံးကို ကူးကူးအကြိုက် lotion လေးလိမ်းပေးလိုက်ပြီးမျက်နှာအိအိလေးပေါ်သို့ Baby cream လိမ်းပေးရင်း အဝတ်အစားလဲခြင်းကို အဆုံးသတ်သည်။

♡︎𝙆𝙪𝙪 𝙋𝙞𝙨𝙞♡︎حيث تعيش القصص. اكتشف الآن