လုပ်ရိုးလုပ်စဉ် မင်္ဂလာဆောင်ခန်းမ
တွေတောင်မဟုတ် အထင်ကရနာမည်ကြီး
နေရာအကျယ်ကြီးတစ်ခုတွင် အဖြူရောင်နှင်းဆီ
တွေခညောင်းနေသည်။ပြာလွင်သောကောင်းကင်ကြီးအောက်
ဂုဏ်သရေရှိလူပေါင်းများစွာသည်လည်း
သူ့ထက်ငါ့အပြိုင် တန်ဖိုးကြီး အဆင်တန်ဆာများဖြင့်
ပွဲကိုတက်ရောက်လာကြသည်။"တွေ့ပြီ Jeon.....Adrian ရှိတဲ့နေရာကိုသိပြီ...."
Jeonသည် အစောင့်အကျပ်ရာချီဖြင့်
အလွန်ဆိုးဝါးသည့်ဘဝတစ်ခုကိုဖြတ်သန်း
နေရခြင်း။ရှာဖွေမှုကိုတစ်ရက်မှမနားခဲ့။
Jeonရဲ့ လက်တံတွေကိုရသလောက်ဖြန့်ထားကာ
အပူတပြင်းကိုနေ့တိုင်းရှာနေခဲ့သည်။
Agustd ကတော့ အားအကိုးရဆုံးပေါ့..။JEonထွက်ပြေးရှာဖွေဖို့အကြိမ်ပေါင်းများစွာ
ကြိုးစားခဲ့တိုင်းကူညီပေးတဲ့လူမှန်သမျှ
သည် အသက်မရှင်တတ်ကြပါ။
ရင်းခဲ့ရသောအသက်တွေသည်နည်းတော့တာ
မဟုတ်။ခြိမ်းခြောက်အကျပ်ကိုင်ရခြင်းကို
ခံစားခဲ့ရတာAdrian တစ်ယောက်ထဲတော့
မဟုတ်ခဲ့။ဒါပေမယ့်မတူညီက Jeonဟာလူကြီး
တစ်ယောက်မို့ ကြောက်လန့်တာထက်
တေးမှတ်ထားပြီးစုပြုံတုံ့ပြန်ဖို့ကိုသာ
အားသာခဲ့သည်။JEonငြိမ်သက်နေကာ အရင်လိုအော်ဟစ်
မဆူညံတော့ကြောင့် ခေတ္တခဏတာ
လှိုင်းထန်ပြီး အချိန်တချို့ဖြတ်သန်းလာပြီး
တော့လည်း ဘာမှမဟုတ်တော့ပါဘူးဟု
တွေးခေါ်ခဲ့ကြကာ သူတို့ဖြစ်ချင်တာ
သူတိူ့လုပ်ချင်တာကို ရှေးရှူးလုပ်ဆောင်နေခြင်း
သည်ဒီနေ့တွင်အကောင်အထည်ပေါ်လာခဲ့သည်။Jeon က အကြိမ်ပေါင်းများစွာ
ငြင်းဆန်ခဲ့သော်ငြား ငါမိဘ
ငါအကောင်းဆုံးကိုစီစဉ်တာဆိုသော
ခေါင်းစဉ်ကြီးသည် မလှမပရယ်။Adrian ရှိတဲ့နေရာကိုသိသွားပြီဆိုတဲ့
ဝမ်းသာမှုသည် ဘာနဲ့မှမလဲနိုင်။
ရင်ခုန်သံတွေမြန်လွန်းခဲ့ကာစိုးရိမ်ပူပန်
ရသောကလေးဆိုးလေးအားဒီနေ့ချက်ချင်း
ကိုတွေ့ချင်တာကြောင့် Jeon NewYorkကို
ချက်ချင်းပြန်ဖို့ပြင်ဆင်ခဲ့သည်။"လက်မထပ်နိုင်ဘူး....လက်မထပ်နိုင်ပါဘူး
ဆိုတာကိုလည်းနေ့တိုင်းနေ့တိုင်း
ငါအားလုံးသိအောင်ပြောပြခဲ့ပြီးပြီ
နားမဝင်ကြတဲ့အတွက်စိတ်မကောင်းစရာပဲ..."