Intro

466 29 12
                                    

[Unicode]

"ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းကနေ လိပ်ပြာတောင်ပံခပ်လိုက်တာက ဟိုဘက် ကမ္ဘာတစ်ခြမ်းမှာ မုန်တိုင်းတောင်ဖြစ်သွားနိုင်တယ်တဲ့" ‌

ဖွားဖွားပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ အမြဲလိုလိုကြားရတတ်တဲ့ စကားတစ်ခွန်းဖြစ်သည်။

'မျက်လုံးနဲ့ မမြင်ရတဲ့အခါ နှလုံးသားနဲ့ နားထောင်ကြည့်ပါ၊ ခံစားကြည့်ပါ'

ဒါကတော့ ဆောင်းဟွန်း ငယ်ငယ်ကတည်းက နေ့တိုင်းကြားနေရတဲ့ စကားပါ။ ဖွားဖွားနဲ့ အနေများလို့လားပဲမသိ အဖွားပြောတဲ့ စကားတွေက ဆောင်းဟွန်းရဲ့ ရင်ထဲမှာ ယနေ့ထိတိုင် အမြစ်တွယ်နေခဲ့သည်။

အဖွားက လိပ်ပြာတွေကို နှစ်သက်သူတစ်ယောက်ပါ။ ဆောင်းဟွန်းလည်း အဖွားလိုပင် လိပ်ပြာတွေကို ကြိုက်တယ်၊ သဘောကျတယ်။ မကြာမကြာ အိပ်မက်ထဲမှာ ပေါ်လာတတ်တဲ့ တစ်ကောင်တည်းသော လိပ်ပြာကိုတော့ နှစ်သက်တယ်လည်းမဟုတ် သဘောကျတာလည်းမဟုတ်ပဲ သူနဲ့တွေ့ရင် အလိုလို စိတ်သက်သာရာရသွားသလိုမျိုးဖြစ်သွားတတ်သည်။

ကျယ်ပြန့်လှတဲ့ မြက်ခင်းပြင်ပေါ်မှာ ဆော့ကစားနေကြတဲ့ ကောင်လေးနှစ်ယောက်ကိုလည်း တစ်ခါတလေ အိပ်မက်ထဲမှာတွေ့ဖူးသည်။ အဲ့ကောင်လေးနှစ်ယောက်ရဲ့ အဆုံးသတ်က ဘယ်လိုမျိုးလဲဆိုတာ ဆောင်းဟွန်း အရမ်းသိချင်သည်။ စာအုပ်တွေထဲမှာလည်း ရှာဖတ်ဖူးပေမယ့် မတွေ့ခဲ့။ ဆောင်းဟွန်းရဲ့ အိပ်မက်အတွက်ပဲ သီးသန့်လိုမျိုး။

သူတို့နှစ်ယောက်အတွက် ဆောင်းဟွန်းရဲ့ ဆုတောင်းကတော့ အမြဲပျော်ရွှင်စေဖို့ပါပဲ။

-🦋-

အသစ်ဖန်တီးလိုက်မိပြန်ပြီㅠㅠ
ဒီဟာလေးကိုတော့ ဗုဒ္ဓဟူးနေ့တိုင်း update နိုင်အောင် ကြိုးစားကြည့်ပါမယ်><

Mei-fly🦋

[Zawgyi]








-🦋-


Mei-fly🦋

Like A Butterfly [HeeHoon]Where stories live. Discover now