1

268 25 24
                                    

[ Unicode ]

မကြာခဏဆိုသလို အိပ်မက်ထဲမှာပေါ်လာတဲ့ လူတစ်ယောက်နဲ့ လိပ်ပြာတစ်ကောင်။

ဖမ်းဆွဲထားချင်ပေမယ့်  မတတ်သာလို့ လွှတ်ပေးလိုက်ခဲ့တဲ့ အချိန်တွေ။

တစ်ခါတလေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကို ပြန်ရောက်သွားတဲ့ အိပ်မက်မျိုး။

ကျယ်ပြန့်လှတဲ့ မြက်ခင်းပြင်ပေါ်မှာ ပျော်ရွှင်နေကြတဲ့ လူသားနှစ်ယောက်ရဲ့ ပုံရိပ်များစွာ။

ကိုယ့်အတွက် ဆို အရာရာကို စွန့်လွှတ်ပေးနိုင်တဲ့ လူသားတစ်ယောက်။

အခက်အခဲထဲ ကျရောက်နေတဲ့အချိန်၊ ဝမ်းနည်းပင်ပန်းနေတဲ့အချိန်ဆို အိပ်မက်ထဲမှာ ပေါ်လာတဲ့ လိပ်ပြာငယ်။

• • • ~ ʚĭɞ ~ • • •

"ဒီတစ်ခေါက် ပြိုင်ပွဲမှာ ပထမဆုကို ရရှိသွားတဲ့ သူကတော့.... ပတ်ဆောင်းဟွန်းဖြစ်ပါတယ်။ ဂုဏ်ပြုပါတယ် ပတ်ဆောင်းဟွန်း"

ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းကနေ လာပေမယ့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတာကြောင့် အဖေဖြစ်သူရဲ့ ကုမ္ပဏီအတွက် စီးပွားရေးပညာကို မရွေးချယ်ခဲ့ပဲ ဓာတ်ပုံရိုက်ခြင်း အနုပညာကိုပဲရွေးချယ်ခဲ့သည်။

ဒီနေ့လည်း ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးက ဓာတ်ပုံဆရာတွေအများအပြားပါဝင်တဲ့ ပြိုင်ပွဲကြီးတစ်ခုမှာ ပတ်ဆောင်းဟွန်းက ပထမဆုကို ဆွတ်ခူးရရှိသွားသူ ဖြစ်သည်။ ပြိုင်ပွဲရဲ့ စည်းမျဉ်းအတိုင်း ပထမရရှိတဲ့သူက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် တစ်ကမ္ဘာလုံးဆိုင်ရာ အနုပညာပြိုင်ပွဲကို အလိုလိုတက်ရောက်ခွင့်ရပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မိသားစုရဲ့ ငွေကြေးအင်အားမသုံးဘဲနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဒီဆုကို ရရှိတဲ့အတွက် ဆောင်းဟွန်းရင်ထဲမှာ အတိုင်းမသိ ဝမ်းသာရ၏။

ဓာတ်ပုံရိုက်ရတာတင် မဟုတ်ပဲ ပန်းချီဆွဲရတာကိုပါ အလွန်နှစ်သက်မိတာကြောင့် ဆောင်းဟွန်းပိုက်ဆံ‌တွေစုပြီး ကိုယ်ပိုင် ပန်းချီပြခန်း တစ်ခုကို မနှစ်ကမှ တည်ထောင်ဖြစ်ခဲ့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 06, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Like A Butterfly [HeeHoon]Donde viven las historias. Descúbrelo ahora