ep16

4.7K 428 32
                                    

ဆော့ဂျင်တို့အဖွားအိမ်သည် ယခင်ကနှင့်
လားလားမျှမဆိုင် ဖျက်ဆီးခံလိုက်ရပြီး
အတွင်းပိုင်းတစ်ခုလုံး ခြေချစရာနေရာပင်မရှိ။
ဂျောင်ဂုရောက်သွားတော့ ကင်မ်ဆော့ဂျင်က
လှေကားနားတွင် ဒူးပိုက်ရင်း သူ့ကိုစောင့်နေရှာသည်။ သူ့ကိုမြင်တော့ တစ်ဖန်ထပ်ငိုပြန်တော့သည်။

" ဂျောင်ဂု...တစ်ခုမှမရှိတော့ဘူး ဂျောင်ဂု....
ငါဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်မရလဲ ဟင်
ဖွားတို့ဘယ်ရောက်နေလဲ ငါမသိသေးဘူး သူတို့အခက်အခဲဖြစ်နေရင် ဘယ်လိုလုပ်မလဲ
ဂျောင်ဂု.... အီးဟီး... "

သူ့ကိုလည်းမြင်တော့ တိုင်တန်းပြီး
ထပ်ငိုပြန်သည်။ ကင်မ်ဆော့ဂျင်တစ်ကိုယ်လုံးကို
ဆွဲယူရင်း သူ့ရင်ခွင်ထဲတွင် ငိုစေသည်။
သူစကားအများကြီးမပြောတတ်တော့
အခုချိန်မှာ ကင်မ်ဆော့ဂျင်အငိုတိတ်ကျေနပ်စေမည့်
နှစ်သိမ့်စကားလည်း သူမဆိုတတ်။
ကင်မ်ဆော့ဂျင် တသိမ့်သိမ့်ငိုရှိုက်နေတာကိုသာ
သူကြည့်နေနိုင်ခဲ့သည်။

" အမေကလူစိတ်မရှိတော့ဘူး
သူကမကောင်းဆိုးဝါး ဂျောင်ဂု..
ငါသူနဲ့ဝေးဝေးနေမှရတော့မယ်
ငါသူ့ကိုမုန်းတယ် ဂျောင်ဂု...
သူက ငါ့ကိုစောင့်ရှောက်ခဲ့တဲ့ အဖွားကိုတောင်
အိုးမဲ့အိမ်မဲ့ဖြစ်အောင် မောင်းထုတ်ပစ်တာ...
သူဘယ်မှန်းမသိ အလေလွင့်နေတဲ့အချိန်
သူ့သားကိုစောင့်ရှောက်ခဲ့တဲ့ အဖွားအို‌ကိုလေ...
သူလုပ်လိုက်တာ... သူလူမဟုတ်ဘူးမလား "

" ဂျင်... "

" ဂျောင်ဂုလည်း ငါနဲ့ဝေးဝေးနေမှရတော့မယ်
သူလုပ်လိမ့်မယ် သူက ငါ့ဘေးနားကသူတွေကိုဆို
သူဒုက္ခရောက်အောင်လုပ်လိမ့်မယ် "

" ဂျင် တော်တော့ စိတ်အေးအေးထား... ကျွန်တော့်ကိုကြည့်... "

အသိစိတ်ပျောက်နေသလို ကင်မ်ဆော့ဂျင်ပုံစံက
သူ့ရင်ထဲ တည့်တည့်ဝင်လာသည်။
ဒီလူကိုပျော်စေချင်တယ်၊ ဒီလူကိုကာကွယ်ချင်တယ်၊ ဒီလူမျက်ရည်ကျမှာ သေမတတ်ကြောက်လာတယ် 
ဒီလူအတွက် ဘာမဆိုလုပ်ပေးချင်လာတယ်

" ဂျင် ကြည့် ကျွန်တော်ပြောမယ်
ဂျင်အမေက အဲလောက်ထိမဆိုးပါဘူး
ဂျင်မြင်အောင်ပြောရရင်
ဖွားတို့တစ်နေရာရာမှာ
ကောင်းကောင်းရှိနေနိုင်တယ် သူတို့အသက်အန္တရာယ်မဖြစ်ဘူး
ဂျင်သာဒီလိုဖြစ်မနေရင် ပြန်ရှာလို့ရတယ် ကိုရီးယားနိုင်ငံက ကျဉ်းကျဉ်းလေး...
ဂျင်ရှာချင်ရင် အချိန်မ‌ရွေးရှာလို့ရတယ် ဂျင်... "

မချစ်ဘူး~မုန်းတယ် [✓]Where stories live. Discover now