ep30

3.9K 408 42
                                    

ကင်မ်ဆော့ဂျင်ကို ကျောခိုင်းခဲ့လိုက်ပြီး
ထိုနေရာမှ ထွက်လာခဲ့သည်။
သူ့ဒေါသတွေထိန်းမရခဲ့။
တောက်ခ်! ဘာတစ်ခုမှစောက်ရေးပါမနေဘူး
စောက်လုပ်မဟုတ်တာကို..
စောက်နားနဲ့ နည်း‌နည်းလေးလောက်ကြားပြီး
‌ရှင်းပြဖို့က အခွင့်အရေးမပေး.. တောက်ခ်!
သူ့ရှေ့ ဒီထက်ပိုဒေါသမဖြစ်ချင်လို့
အလျှော့ပေးခဲ့တာကို -ီးပေါ့ကွာ
စောက်ရေးကိုမပါဘူး။

တကယ်စောက်ရေးမပါဘူး။
ထင်လိုက်ရင် အမြဲစောက်တလွဲ
ရှင်းပြချင်စိတ်လည်း မရှိတော့ဘူး။
သူကအမြဲ ဘာကိုမှ ပွင့်ပွင့်လင်းလင်းမရှိဘူး။
တောက်ခ်! ငါကွာ ဒေါသထွက်လာပြန်ပြီ။
လာပြီး ဟျောင်းမင်္ဂလာဆောင်မှ
ဒေါသထွက်ပြနေတာလား။ ကြိုက်နေလို့လားသူက..

" ဂျောင်ဂု ဘယ်တွေသွားနေတာလဲ!
အားလုံးနင့်ကိုလိုက်ရှာနေတာ "

သူခန်းမထဲဝင်လာတော့ အားလုံးက သူ့အပေါ်
အာရုံစိုက်လာကြတော့ သူ့မျက်နှာကြောလျှော့လိုက်သည်။
ပြန်တော့မဖြေချင်။ မူလဝိုင်းတွင် ရေတစ်ခွက်
ယူသောက်လိုက်ပြီး ပြန်ထိုင်နေလိုက်သည်။

" ဘာဖြစ်နေတာလဲ ဂျောင်ဂု "

ဂျီအူးအနားကပ်လာမေးတော့လည်း
သူလျစ်လျှူရှုထားလိုက်သည်။
အခုချိန် သူ့ဒေါသက ပေါက်ကွဲလွယ်တဲ့ ဗုံးတစ်လုံးလို့။

ဘာအကြောင်းကိစ္စပဲဖြစ်ဖြစ်
ဘာလို့လမ်းခွဲစကားကို
လွယ်လွယ်ပြောထွက်ရက်တာလဲ သူ့ကို သူ့အရင်ကောင်တွေလိုများထင်နေလား!
တောက်ခ်! တွေးရင်းနဲ့ကို... !!!!
သုံးရက်လောက်မတွေ့ဖြစ်တာနဲ့ စောက်ချိုးက။

" ဘာဖြစ်နေတာလဲလို့ လက်တပြင်ပြင်နဲ့ "

" နင့်အလုပ်မဟုတ်လို့ မပြောပြတာဟာ
ငါနဲ့ဝေးဝေးနေချင်နေ ငါဒေါသထွက်နေတယ် "

" ဂျွန်ဂျောင်ဂု စကားကိုလူလိုပြော..
ငါ့အလုပ်မဟုတ်လည်း ငါကမသိရတော့ဘူးလား
ဒါနင့်အစ်ကိုမင်္ဂလာပွဲနော်
နင်ကလက်တပြင်ပြင်နဲ့ ဘာဖြစ်ချင်နေတာလဲ "

" ကျစ်! အဲဒါတွေစိတ်မရှည်တာ
ငါဒေါသထွက်နေလို့ နင့်ကိုဝေးဝေးနေခိုင်းတာ
ဒေါသကို နေရာရွေးထွက်ရမှာလား
သွားစမ်းကွာ စိတ်ရှုပ်လို့သေတော့မယ် "

မချစ်ဘူး~မုန်းတယ် [✓]Where stories live. Discover now