မောင် မှတပါး အခြားမရှိ ( Part - 1 )

14.2K 330 6
                                    

Part - 1

               မောင်မှတပါး အခြားမရှိ                  

🎼 သူငယ်ချင်းများအားလုံး အမှတ်တရရှိတဲ့ တက္ကသိုလ် ×× တောင်ပေါ်အကြော်ဆိုင်တန်းနဲ့ 🎼

အိပ်ရာဘေးမှာ ချထားတဲ့ ဖုန်းထဲက နှိုးစက်သံကြောင့် ကျိန်းစပ်နေတဲ့ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်မိပါတယ်။ မနက်ရှစ်နာရီတိတိ --- ။

" ရှစ်နာရီတောင် ထိုးပြီလား"

ဒီမနက် ( ၁၀ ) နာရီကားနဲ့ ခရီးသွားစရာ ရှိလို့
ညက ပစ္စည်းတွေ ထည့်နေတာ ။ အိပ်ရာဝင်
နောက်ကျတော့ မနက်ပိုင်း အိပ်ယာထတဲ့အချိန် ခေါင်းထဲကမူးနောက်နောက်နဲ့ မကြည်မလင်ဖြစ်နေတာမျိုး ။ အိပ်ရာထဲကနေတောင် မထရသေးခင်ပဲ -----

" သားရေ !!! အိပ်ယာနိုးပြီလား"

မေးသံနဲ့အတူတူ အခန်းထဲ လူပါဝင်လာတဲ့ မေမေ့ကို အိမ်ယာထဲကနေ မထဲသေးပဲ ပြုံးကြည့်နေလိုက်မိပါတယ်။ သူ့ရဲ့သား ရောဂါသည်လေး ခရီးသွားတိုင်း ပွစိပွစိ ပူညံပူညံလုပ်ပြီးမသွားဖြစ်အောင် ဖျက်နေကြ။ ကိုယ်ကလည်းသွားချင်ပြီဆို တားလို့မရလို့ ။ ဒါကြောင့်ပဲ ခရီးတစ်ခါသွားခါနီးတိုင်း သားမိနှစ်ယောက် စိတ်ကောက်ရတာ အမော။

"ဟုတ် မေမေ!!!!  နိုးပါပြီ "

"နိုးပြီဆိုထတော့လေ ခရီးသွားရင်ယူသွားရမှာတွေပါရဲ့လား ၊ နှလုံးအားဆေးတွေထည့်ပီးပြီလား  ခေါင်းမူးပျောက်ဆေးရောပါလား ၊လိုတဲ့ဆေးတွေ အားလုံးစုံရဲ့လားဆိုတာ  နောက်တစ်ခေါက်လောက် ပြန်စစ်ကြည့်ဦး ၊  ဟိုရောက်တာနဲ့ ရေကိုချက်ချင်းမချိုးနဲ့နော် ၊ ဖိုးသားတို့ကိုမှာရတာလည်း  မှာနေတုန်းပါပဲ ဒီအမေ ကွယ်တာနဲ့ လုပ်ချင်ရာလုပ်မှာ သိနေပါတယ် ၊ နေဦး ငါ ထက်အောင် ကို ဖုန်းဆက်ထားဦးမယ် "

စလာပါပြီ ။ ချစ်မေမေရဲ့ ပွစိပွစိ ဇာတ်လမ်းလေး ။
ခရီးသွားမယ်ဆိုရင် အိမ်မှာ နားပူအောင် အရင်ဒုက္ခခံရတာမျိုး ။ တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ် ။

"ဆေးတွေလည်း အကုန်ပါတယ်၊ ရေချိုးတာလည်းဂရုစိုက်ပါ့မယ် မေမေရယ် ၊ ပွစိပွစိပြောနေတာ မမောဘူးလား ။ ကျွန်တော်ရေချိုးတော့မယ်လေ ၊ ကား မထွက်ခင်( ၁၅ ) မိနစ်လောက် ကြိုရောက်နေမှ အဆင်ပြေမှာမို့ "

 မောင် မှတပါး အခြားမရှိ ( မောင် မှတပါး အခြားမရှိ) ⚠Completed ⚠Where stories live. Discover now