မောင် မှတပါး အခြားမရှိ (Part - 2)

2.3K 170 8
                                    

Part - 2

မောင်မှတပါး အခြားမရှိ

ကျောင်းသားကဒ်ထုတ်တဲ့နေ့ကစပြီး ရင်းနှီးသွားတဲ့
ကျွန်တော်တို့သူငယ်ချင်းတွေ အဖွဲ့ဟာ ကျောင်းစတက်တော့လည်းတတွဲတွဲ သွားဖြစ်ခဲ့ကြပါတယ်။
သူတို့က သုံးယောက် ၊ ကိုယ်တွေကလေးယောက် ။ စုစုပေါင်းခုနှစ်ယောက်အဖွဲ့ကြီး ။

ကျောင်းတက်ပြီး သုံးရက်လောက်ကြာတော့ သူရိန် နဲ့ အောင်မြတ်က အခြားသူငယ်ချင်းတွေရပြီး အဖွဲ့ကွဲသလို ဖြစ်သွားပေမယ့် ထိုက်သူ၊ စစ်ပိုင် ၊ ထက်အောင် နဲ့ ကျွန်တော်တို့လေးယောက်ကတော့
သွားအတူ လာအတူ အချိန်တော်တော်များများမှာ
အတူတူ ရှိနေတက်ပါတယ်။ ထုံးစံအတိုင်း ကိုစစ်ပိုင်ကတော့ ချေချေမိုးမိုးနဲ့ စကားလဲဝင်မပြော သူ့ဘာသာဆေးလိပ်သောက်ရင်း အချိန်ကုန်နေတက်ပါတယ် ။

စစ်ပိုင်ဟာ ဆေးလိပ်တော့ တော်တော်ကိုကြိုက်တဲ့သူပါ ။ ဆေးလိပ်သောက် ၊ အာပူလျှာပူသောက် ။
နောက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင် Perfect တစ်ခွက်ပုံမှန်သောက်တက်တဲ့သူ ။ ဒါဟာ သူနဲ့တွဲမြင်ရတဲ့ အမှတ်အသားတွေသာ ဖြစ်ပါသည် ။

နောက်ပြီး ကိုယ့်ဟာ အခြားသူတွေနဲ့စာရင် အားနွဲ့
တဲ့ပုံစံမို့ သူကသိပ်မနှစ်မျို့များဖြစ်နေမလားပေါ့ ။
အထူးသဖြင့် ကိုယ့်ဖြစ်တည်မှုဟာ သူ့အတွက် အနှောက်အယှက်ဖြစ်မှာစိုးလှပါသည် ။

ကိုယ်တွေနဲ့ လိုက်နေရလို့ သူများစိတ်ရှုပ်နေတာလားဆိုပြီး ထိုက်သူကို တိုးတိုးကပ်ပြီး မေးကြည့်
မိတော့ --

" ထိုက်သူရေ စစ်ပိုင်က ငါတို့်နဲ့ရှိရင် စကားလဲ မပြောဘူး သူက ငါတို့နဲ့ မတွဲချင်တာလား မသိဘူးနော် မင်းက အတင်းလဲ ခေါ်မလာနဲ့ဦး အားနာစရာကြီး "

" မဟုတ်ပါဘူး ညီစေရယ် ငစစ်က အဲလိုပဲ သူကအဲလိုကိုနေတက်တာ သူစိတ်ပါလို့ လိုက်လာတာပါကွ!
သူ့လိုကောင်မျိုးက စိတ်မပါရင် လိုက်လာဖို့မပြောနဲ့
ပြုံးတောင်မပြတဲ့ ကောင်မျိုး မင်းစိတ်ပူမနေနဲ့"

" အေးပါကွာ ငါက အားနာလိုပါ"

ဒီလိုနဲ့ပဲ ကျောင်းတက်ရက်တွေ တစ်ရက်ပြီးတစ်ရက်ပေါ့ ။

 မောင် မှတပါး အခြားမရှိ ( မောင် မှတပါး အခြားမရှိ) ⚠Completed ⚠Where stories live. Discover now