အပိုင်း (27)

1.1K 117 33
                                    


ဒီနေရာ ဒီပတ်ဝန်းကျင်ကိုရောက်တိုင်း အမြဲရင်ခုန်စိတ်လှုပ်ရှားနေရတာလည်း ကျိန်စာတစ်ခုလိုပဲ...။

ဒီဆေးရုံထဲကို ထပ်ပြီးရောက်လာခဲ့ပြန်သည်။

ဝန်ထမ်းတွေညွှန်ပြရာ Kim Mi So ရှိရာ အခန်းနံပါတ် 405 ကို မြန်လိုက်နှေးလိုက်နဲ့စိတ်နဲ့ကိုယ်နဲ့မကပ်သလို လျှောက်လာခဲ့ရင်း ရင်ဆိုင်ရမယ့်အရာတွေအတွက် စိတ်ကိုလည်းအသင့်ပြင်ထားလိုက်သည်။

Tae Hyung Ommaက တကယ်ပဲ စိတ်မကျန်းမာသူလား...။
Tae Hyung Ommaရဲ့ အုပ်ထိန်းသူလူနာရှင်က ဘယ်သူများလဲ...။

ဘယ်လိုအကြောင်းအရာတွေကြောင့် ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာရဲ့အဖြေကို မကြာခင်သိနိုင်တော့မှာမို့ လှုပ်ရှားနေတဲ့စိတ်နဲ့ ခြေလှမ်းခပ်သွက်သွက်လှမ်းလာလိုက်တာ အခန်း405ရှေ့ရောက်တဲ့ အထိပဲ...။ ဘာမှမဆိုင်တဲ့သူကတောင် ဒီလောက်ယောက်ယက်ခတ်နေရတာ Tae Hyungသာဆို ဘယ်လိုများနေမလဲမတွေးရဲ...။

အခန်းတံခါးဖွင့်ထားတဲ့ အခန်းထဲဝင်လာတာနဲ့ တံခါးဝကိုကျောပေးကာပန်းချီဆွဲနေသော Tae Hyung Ommaက သူ့ကိုလှည့်တောင်မကြည့်...။ စတွေ့တွေ့ချင်းဘယ်ကနေစနှုတ်ဆက်ရမလဲ ဘာစပြောရမှန်းအူကြောင်ကြောင်ဖြစ်နေစဥ် နောက်ကနေပုခုံးကို ပုတ်လိုက်တာမို့လှည့်ကြည့်လိုက်မိသည်။

" ဝင်လာခဲ့ပါ "

နွေးထွေးနူ့ညံ့တဲ့ အကြည့်တွေနဲ့အမျိုးသားတစ်ဦးဟာ Seok Jinကို သေသေချာချာလေး ပြုံးပြကာအခန်းထဲဦးဆောင်ခေါ်သွားပြီး ထိုင်ခုံမှာဝင်ထိုင်စေသည်။ ဘာကြောင့်မှန်းမသိ ဒီအမျိုးသားမျက်နှာဟာ တစ်ခါမှမမြင်ဖူးသူဖြစ်ပါရဲ့နဲ့ ရင်းနှီးနေသလိုလို ခံစားနေရကာ အပြုံးတွေကအစ နှစ်လိုဖွယ်ကောင်းနေတာမို့ ငေးကြည့်နေမိသည်။

" ကျွန်တော်က Kim Seok Jinပါခင်မျာ ဒီကလူနာ Kim Mi Soနဲ့... "

" Kim Seok Jin မှန်းသိပါတယ်... "

" ဗျာ.... !"

" Kim Dami ရဲ့သား Kim Seok Jin ... Kim Tae Hyung ကြောင့် MiSoကိုလာတွေ့တယ်ဆိုတာ အကုန်သိထားပါတယ်"

" ဗျာ... အန်ကယ်က..."

Seok Jinစကားဆုံးအောင်မပြောရသေးခင်မှာပဲ ပန်းချီဆွဲနေသူ Tae Hyungအမေဟာ Seok Jinရှိရာသို့ရောက်လာခဲ့ကာ လက်ကိုအတင်းဆုတ်ကိုင်လိုက်သည်။

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now