Extra 3

573 61 11
                                    

JK - " ဒီနေ့ထွက်လာကြဦးမှာလား "

Namjoon- "Hobiမပါလာဘူးနော်... ဖျားသွားရင်ဆေးကုပေးမယ့်သူမရှိဘူး "

Suga - " ရောက်ခါစပဲရှိသေးတာကို တော်ရုံတန်ရုံပဲကောင်းတယ်"

JK- " ဘာမှမစားကြတော့ပဲ အခန်းထဲမှာပဲစားနေကြတော့မှာလား "

Jimin- " Tae Hyungရေ... စားလို့ဝရင် သောက်ဖို့တော့ထွက်လာခဲ့ပါဦး..."

Namjoon- " ဘာလဲ... အခုထိတောင်ထွက်လာလို့မရသေးဘူးလား Jinတော့အကောင်းအတိုင်းကျန်ပါသေးတယ်နော်"

"ဟင်~"

ဖုန်းထဲကနေ Namjoon, Suga, Jiminနဲ့ Jung Kookတို့ရဲ့​ မူးမူးရူးရူးနဲ့ တစ်ယောက်တစ်ပေါက် ဝိုင်းအော်သံတွေ...။

Namjoonကိုဆူဖို့ ဖုန်းခေါ်လိုက်မိတာကနေ Jiminအရင်ရောက်လာပြီး ဘေးကနေတစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပုံရကာ Seok Jinက ရုတ်တရက်ကြီး ​ ပြန်အစခံလိုက်ရတဲ့အခြေအနေ...။

" Hey.. bro! are you fucking with your husband ?"

" Kim Namjoon မင်း...!"

အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ သစ်ပင်တွေကလွဲပြီးဘာမှမသိသလိုလို... စာအုပ်စာပေတွေဖတ်ပြီး တရားပေါက်လို့ ဘုန်ကြီးပဲဝတ်တော့မလိုလိုနဲ့ သူ့တို့ရဲ့ Kim Namjoonဟာ အရက်ကလေးများဝင်သွားရင် မျက်စိရှေ့ဖြတ်သွားတဲ့သူကို လက်ခလယ်တွေထောင်ပြတတ်ရုံပါမက... ဘိုလိုတွေမှုတ်ပြီး dirty talkတွေကပြောတတ်သေးတာ...။

Speakerဖွင့်ထားကြရင်းကနေ အလုအယက်ကိုဝိုင်းလှော်နေကြတဲ့ စကားလုံးတွေကြားမှာ တစ်ဖက်လူတွေကို မမြင်ရတာတောင်မှ Seok Jinမှာ မျက်နှာကိုထားစရာနေရာမရှိတော့...။

တကယ်လည်းဟုတ်နေတာမလား...

နှစ်ယောက်စလုံး အရင်ဆုံးကဲလိုက်ကြပြီး အခုမှရေချိုးခန်းထဲကအတူတူထွက်လာတာမို့ မလုံမလဲဖြစ်ရင်းရှက်လည်းရှက်လိုက်တာမှ...။

ဘာဆက်ပြောရမှန်းမသိပဲ ဖုန်းကိုင်ထားရင်းကနေ ကြောင်တောင်တောင်လေးရပ်ပြီး Tae Hyungကိုလှည့်ကြည့်လာတဲ့အခါ Seok Jinနားရွက်တွေနီရဲနေပြီမို့ လက်ထဲကဖုန်းကို Tae Hyungက ကမန်းကတမ်းဆွဲယူလိုက်ရသည်။

သံယောဇဉ်အကျဥ်းသား (Taejin)حيث تعيش القصص. اكتشف الآن