အပိုင်း ၁

3.1K 140 9
                                    

ဥတု နွေရဲ့ အပူကိုအံတုဖို့ နှီးယက်တောင်လေးတစ်ချောင်းနဲ့
လွမ်း​ဝေ တိုက်ပွဲဝင်နေတဲ့အချိန်

"လွမ်းရေ"

ထိုအသံလေးကို မကြည့်သိနိုင်သည် အိမ်သူပေါ့
လွမ်းရဲ့အိမ်သူလေ

"ဟာ အိမ်သူ​ရောက်လာပြီလား
မေမေ လွမ်း အိမ်သူနဲ့သွားဆော့လိုက်ဦးမယ်နော်
ကိုကို ပြန်လာရင် လွမ်းကိုလာခေါ်ခိုင်းနော်"

"ဆော့ဆော့
ပြီးရင် ကိုကိုလာ​ခေါ်ရင်တော့ ပြန်လာနော်လွမ်း"

"ဟုတ်ကဲ့ပါ မေမေရဲ့"

လွမ်းနဲ့အိမ်သူ အသက်အားဖြင့် ၁၂ နှစ်ကျော်၁၃ နှစ်သာရှိသေးသည်မို့ ကလေးစိတ်မပျောက်သေးသလို သိတတ်တဲ့စိတ်ကလေးတွေကလဲ တချို့တစ်ဝက်ရှိနေနှင့်ပြီ

လွမ်းဝေ နဲ့အိမ်သူက သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေလေ
မွေးတာကလဲ တစ်နှစ်ထဲ တစ်ရက်ထဲဟုဆိုသည်
နှစ်ဦးစလုံးမှာ မမွေးခင်ထဲက ဖခင်များသေဆုံးခဲ့ကြပြီး
ဖခင်မေတ္တာ ငတ်ခဲ့ကြသူများဖြစ်ခဲ့ကြသည်
အ​မေ​တွေကအစ ကလေးနှစ်ယောက်မွေးထားသလိုပင်

"အိမ်သူ ငါအမေကပြောတယ်
မကြာခင် ငါ့ဖိုးဖိုးတို့လာလိမ့်မယ်တဲ့
ဖိုးဖိုးလာရင် ငါ့ကို အဖိုးရဲ့ရွာကို ထည့်ပေးလိုက်မှာတဲ့ "

"နင်က ငါနဲ့ဝေးရာမှာနေနိုင်လို့လား လွမ်း"
အိမ်သူ စကားကြောင့် လွမ်းသူတွေဝေသွားရသည်

တိတ်ဆိတ်နေတဲ့တောင်ကုန်းလေးပေါ်မှာ လွမ်းနဲ့အိမ်သူ့စကားသံတို့ပါ တိတ်ဆိတ်သွားတာမို့ ကျေးငှက်လေးတွေရဲ့ ''ကျလိကျလိ'' ဆိုတဲ့အော်သံနှင့် လေပြေတိုးဝှေ့မှုကြောင့်ထွက်ပေါ်လာတဲ့ သစ်ရွက်ကလေးများပွတ်တိုက်သံမှတစ်ပါး ဘာသံမှမကြားရတော့

ငြိမ်သက်နေတဲ့ လွမ်းဝေကို အိမ်သူ ကြည့်ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်

"ငါ့နားမှာပဲနေပါလား
နင် လိုက်သွားလို့မဖြစ်ပါဘူး လွမ်းရယ်
လွမ်းလိုက်သွားရင် ငါ ရူးသွားလိမ့်မယ်
ငါ့ဘဝမှာ အဖော်ဆိုလို့ နင်ပဲရှိတာကို နင်ကသွားတော့
ငါက ဘယ်သူနဲ့နေရမှာတုန်း"

လွမ်းငွေ့ ဝေဝေ Where stories live. Discover now