"ဟိုမှာ... ဟိုမှာလာနေပြီ"
လှည်းတန်းလေးနဲ့ မြင်းတချို့ကိုမြင်တော့ ရောင်ဝါတို့ရောက်လာပြီဆိုတာကို ခင်လေးသိနိုင်သည်။
"လွမ်း... "
"လွမ်းရယ်"
ခင်လေး လှည်းတန်းကိုလှမ်းကြည့်ရင်း ဆိုဖီယာလေးရဲ့ ကိုယ်ပေါ်က သခင်ဖြစ်သူရောင်ဝါ့ကို မြင်လိုက်တာနဲ့ အရမ်းပျော်သလို နှုတ်မှတဖွဖွနဲ့ "လွမ်း" လို့သာတမ်းတနေမိသည်။
ရောင်ဝါကတော့သူ့နှလုံးသားထဲတည်ရှိနေတဲ့ ခင်လေးကို မြင်ရတော့မှာမို့ ပြုံးပြုံးကြီးသာ လမ်းတစ်လျောက်က ရှုခင်းတွေကိုကြည့်ရင်း စခန်းကိုအရောက်သွားနေခဲ့သည်။
စခန်းကုန်းရဲ့ အတက်လမ်းလေးမှာတော့ လှည်းတန်းကြီးကို ခတ္တရပ်နားလိုက်ပြီး ရောင်ဝါမြင်းပေါ်ကဆင်းကာ
"အားလုံးပဲ ဒီကုန်းပေါ်ကိုတက်ပြီးရင်တော့
ကျုပ်တို့ရဲ့ စခန်းကိုရောက်ပါပြီ
လှည်းတွေက တောင်ကုန်းပေါ်တက်ဖို့အဆင်မပြေတာမို့
လှည်းတွေအားလုံးကိုဒီမှာပဲ ရပ်နားရပါတော့မယ်""ပစ္စည်းတွေသယ်ဖို့ရောဗျ
အားလုံးသာ်ဖို့ လွယ်မယ်မထင်ဘူးနော်"အဖွဲ့သားတစ်ဦးမှ မေးခွန်းထုတ်လာတော့
"ပစ္စည်းတွေသာ အရင်ဆုံးလှည်းပေါ်က ချထားပေးပါ
ကျုပ်စခန်းကအဖွဲ့တွေ ဆင်းလာပြီးကူပေးပါလိမ့်မယ်
အတူပါလာတဲ့မြင်းသမားတွေကလဲ
လှည်းပေါ်က ပစ္စည်းတွေမျှတင်ပေးရင်း
တောင်ကုန်းပေါ်တက်ပေးကြပါဗျ
အချင်းချင်းရိုင်းပင်းကူညီရင်း စည်းစည်းလုံးလုံးသွားကြတာပေါ့ဗျာ"အားလုံးကို မှာစရာရှိတာတွေမှာလိုက်တဲ့အခါ အားလုံးလဲ အထုပ်တွေချကြရင်း တစ်လှုပ်လှုပ်ဖြစ်ကုန်ကြလေပြီ။
"လူတွေကလဲ နိုင်သလောက်သယ်ပြီး
တောင်ကုန်းပေါ်တက်ပေးကြပါဗျာ
ဟောဟိုမှာ ဝိုင်းကူပေးမဲ့သူတွေဆင်းလာကြပြီ"ရောင်ဝါအားလုံးလိုက်ကြည့်လိုက်မှာလို့အပြီးကိုစောင့်နေတဲ့ ခင်လေး အဖွဲ့သားအားလုံး လှုပ်ရှားကုန်ကြပြီမို့ ရောင်ဝါ့ဆီအပြေးလာခဲ့သည်။