လွမ်းငွေ့ ... ဝေဝေ
အပိုင်း ~ ၉"မ... မ...မတိုပါဘူး
ဘာကိစ္စနဲ့ သဝန်တိုရမှာလဲ""တိုနေပါတယ်...
ခင်လေး သဝန်တိုနေတာလေးက သိပ်ချစ်ဖို့ကောင်းနေတယ်
ကျုပ်လေ ကျုပ်ရင်တွေခုန်နေတယ်
ကျုပ်ခင်လေးကိုများ မေတ္တာသက်ဝင်မိနေပြီလားမသိဘူး""ရှင်"
"ဟုတ်တယ် ရောင်ဝါ ခင်လေးကိုမညာချင်ပါဘူး
ခင်လေးဘေးနားမှာနေရင် ရောင်ဝါ အေးချမ်းမှုတစ်ခုရနေတယ်
ဒါပေမဲ့..."
ပြောပြီးကာမှ နောင်တရနေပြန်သည်။
တကယ်ဆို ရောင်ဝါမဟုတ်ပဲ လွမ်းဝေလေ။
ထိုသို့ မေတ္တာရှိမိသည့်ခံစားချက်၊ ချစ်မိသည့်ခံစားချက်ကလဲ အိမ်သူနဲ့သာဖြစ်ခဲ့ဖူးသည်။(အဲ့လိုမျိုးခံစားချက်ကို အိမ်သူ့ဆီကပဲ ရခဲ့ဖူးတာ)
"ဒါပေမဲ့ ဘာဖြစ်လဲရောင်ဝါ"
တိတ်ဆိတ်သွားတဲ့ ရောင်ဝါ့ကိုခင်လေး သိချင်စိတ်နဲ့ဆက်မေးသည်။"ရောင်ဝါ ခင်လေးအပေါ်မရိုးသားတဲ့စိတ်ဖြစ်မိပါတယ်
ဒါပေမဲ့ ရောင်ဝါ့ဘက်က တစ်ကိုယ်ကောင်းဆန်လို့မရဘူး
ရောင်ဝါ ခင်လေးကို လက်ခံလိုက်လို့မဖြစ်ဘူး
ခင်လေးတစ်သတ်လုံးစိတ်ဆင်းရဲနေရမှာ
တစ်ဘဝလုံးစာအတွက် ခင်လေးအနားမှာရောင်ဝါနေလို့မရဘူး""ရှင်က သူရဲဘောကြောင်နေတာပဲ ရောင်ဝါ"
မေတ္တာသက်ဝင်နေပါတယ်လို့ပြောပြီး အတူရှိနေဖို့လည်းမဖြစ်နိုင်ဘူးဆိုလာတဲ့ရောင်ဝါ့ကို ခင်လေးစိတ်တိုကာ ထားခဲ့လေသည်
ရောင်ဝါ ထွက်သွားတဲ့ ခင်လေးရဲ့ကျောပြင်ကိုကြည့်ပြီး
"ရောင်ဝါ့ကို နားလည်ပေးပါခင်လေးရယ်
မဖြစ်နိုင်လိုပါ မဖြစ်သင့်လို့ပါ
ဘယ်လိုမှ မဖြစ်နိုင်တဲ့ဘဝမို့ ရင်ထဲကပဲချစ်မြတ်နိုးပါ့မယ်
ရောင်ဝါ့ကို မုန်းလိုက်ပါ"ရောင်ဝါတစ်ယောက်ထဲ ကျန်ခဲ့တာကို တာတီးတွေ့တော့
"ဘယ်လိုလဲဗျ စိတ်ဆိုးသွားတာထင်တယ်""ဒီလိုပဲပေါ့ တာတီးရာ
တာတီး ... လာ ကျုပ်တို့လမ်းလျှောက်ရင်းပြောရအောင်ပါ"
![](https://img.wattpad.com/cover/287922895-288-k984994.jpg)