Part (41) FINAL

1K 95 66
                                    

Yoongi, Jungkook ကိုအတော်စိတ်ဆိုးလို့သာ လျှောက်သွားနေတာ ဘယ်သွားလို့သွားရမလဲမသိ

ဒီညအိမ်မပြန်ချင်တာနဲ့ Jimin ဆီကိုသွားဖို့ပဲစဥ်းစားလိုက်တယ်

သူ့ကို လာမရှာတဲ့ Jungkook ကိုလည်း တကယ်စိတ်ဆိုးတယ်

Yoongi ,Jungkook ဆီကနေ ထွက်ပြေးလာခဲ့တာ သူ့နောက်လိုက်ပြီး ချော့စေချင်လို့လေ

ဒါပေမဲ့ နေခဲ့တဲ့ Jungkook က သူ့ကို တကယ်စိတ်ဆိုးအောင်လုပ်နိုင်တယ်

ပြန်ချော့ရင် ပြန်ရှင်းပြရင် ကျေအေးပေးဖို့ တွေးခဲ့တယ်လေ

"လူဆိုးကြီး"

Yoongi နှုတ်ခမ်းလေးကို ဆူရင်း ဘေးနားကအမှိုက်ပုံးကို ဖျတ်ကန်မိလိုက်တယ်

ရှပ် ရှပ်!

အနောက်က ခြေသံကြောင့် Yoongi တစ်ချက်လည်ပြန်ကြည့်မိတယ်

သူရောက်နေတဲ့နေရာက လူခြေတိတ်ပြီး အမှောင်ကျနေတဲ့နေရာမို့ သတိထားဖို့လိုတယ်

သတိနဲ့အနောက်ကို လှည့်ကြည့်လိုက်တော့

သူ့ကျောပြင်နဲ့ တစ်လက်မလေး အကွာလေးမှာ ရပ်နေတဲ့လူတစ်ယောက်ကြောင့် Yoongi ချွေးစေးတွေပြန်လာပြီး မျက်လုံးတို့ပြူးကျယ်သွားရတော့တယ်

*ဒီလို.... ဘယ်လိုတောင် သူငါနဲ့အဲ့လောက် အနီးမှာရှိနေမယ်လို့မထင်ထားဘူး*

"ခင်ဗျားက ဘယ်သူ...အွန့်"

ပြန်လှည့်ပြောလိုက်တော့ ထိုအနက်ရောင် Hoodie ခေါင်းစွပ်ထားပြီး Mask နဲ့ ထိုလူက သူ့ကို လက်ကိုင်ပဝါ တစ်ခုနဲ့ နှာခေါင်းကို အုပ်လိုက်တာကို ခံစားမိတယ်

"အွမ်းးးးအင်းးးဟင်းးး"

Yoongi သူ့နှာခေါင်းကိုအုပ်ထားတဲ့ ထိုလူလက်ထဲက လက်ကိုင်ပဝါကို ဆွဲဖယ်ဖို့ကြိုးစားရင်း နှာခေါင်းထဲ စူးရှရှဝင်လာတဲ့ ဆေးအနံံ့ကြောင့် အမြင်အာရုံတွေဝေဝါးလာပြီး Yoongi ကိုယ်လေးဟာ မြေကြီးပေါ်ပြိုကျသွားတော့တယ်

.................

ညမိုးချုပ်လို့ 7 နာရီတောင် ထိုးနေပြီ ဒီကောင်လေး ဘာလို့ အိမ်မပြန်လာသေးတာလဲ

My Secretly Loved Husband (Season -2)Where stories live. Discover now