Zawgyi
Description
သူက ပြန်ဖြေတယ်။ "မမှတ်မိတော့ဘူး"
"ကိုယ်လည်း အတူတူပဲ"
"ကိုယ်ရောပဲ"
"ကိုယ်လည်း မသိပါဘူး"
∆∆∆
Translated by demoncm 🍁
Unicode
| ကိုယ့်အချစ်များ မင်းအတွက်သာ |
Description
ကျွန်မတို့ လက်ထပ်စာချုပ်မချုပ်ခင်ညက ကျွန်မ သူ့ကို မေးခဲ့တယ်။ "ဘယ်တုန်းက ကျွန်မကို ချစ်မိသွားခဲ့တာလဲ"
သူက ပြန်ဖြေတယ်။ "မမှတ်မိတော့ဘူး"
"ဘာလို့ ကျွန်မကိုမှ ချစ်ရတာလဲ"
"ဘာလို့ မင်းကို မချစ်ရမှာလဲ"
"ကျွန်မက လှတော့လှပါရဲ့။ ဒါပေမဲ့ တအားသဝန်တိုတတ်တာနော်"
"ကိုယ်လည်း အတူတူပဲ"
"ကျွန်မက ရှင်နဲ့ မထိုက်တန်မှာကို ကြောက်မိတယ်"
"ကိုယ်ရောပဲ"
"ကျွန်မတစ်ခါမှ ချိန်းတွေ့တာမျိုးမလုပ်ဖူးတော့ အချစ်က ဘာလဲဆိုတာလည်း ကျွန်မ မသိဘူး"
"ကိုယ်လည်း မသိပါဘူး"
သူက ကျွန်မလက်ကို အသာကိုင်လာတယ်။ "ဒါပေမဲ့ ကိုယ်သိတာကတော့ ကိုယ့်ရဲ့ တစ်ဘဝလုံးကို မင်းနဲ့အတူ ကုန်ဆုံးချင်တယ်တိုတာပါပဲ။ ကိုယ့်အနာဂတ်အတွက် အများကြီး မျှော်လင့်ထားတယ်"
အသက် ၁၆ နှစ်မှာ ကျွန်မတို့ ထိုင်ခုံတစ်ခုထဲ အတူထိုင်ခဲ့ကြတယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာ ၁၀ စင်တီမီတာလောက်ပဲ ကွာတဲ့အထိကို နီးကပ်လွန်းနေခဲ့တာ.. ကျွန်မဘယ်ကိုပဲကြည့်ကြည့် သူ့ကိုပဲ မြင်ရတယ်။
အသက် ၂၆ နှစ်... ကျွန်မ မနက်ခင်းတစ်ခုမှာ နိုးလာခဲ့တယ်။ ကျွန်မလှည့်ကြည့်လိုက်တော့ နေရောင်က သူ့မျက်နှာပေါ် နူးနူးညံ့ညံ့ ကျဆင်းနေလေရဲ့။ တွေးမိတာက.. ကျွန်မ သူနဲ့ အဘိုးကြီးအဘွားကြီးတွေဖြစိတဲ့အထိ အတူတူ အိုမင်းသွားချင်မိတာမျိုး...
တကယ်တော့.. အချစ်ဆိုတာ... ဒါများလား....
∆∆∆
Translated by demoncm 🍁
VOCÊ ESTÁ LENDO
ကိုယ့်ချစ်ခြင်းများ မင်းအတွက်သာ (Hiatus)
Romanceဘာသာပြန်ပြီးသား ရှိလို့ ဆက်မပြန်တော့ပါဘူးနော်။ 😚❤️ ဒါက ကိုယ် ဘာသာပြန်နေတယ်လို့ ပြောထားတဲ့ novel လေးပါ။ ဒါလေးက တော်တော်လေး sweet ဖြစ်ပါတယ်။ ဆိူတော့ကာ အချိုကြိုက်တဲ့ စာဖတ်သူလေးတွေအတွက် အကြိုက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ demoncm 🍁 === Titl...