At Htut Company……ဝန်ထမ်းများပြာပန်းခတ်အောင်အလုပ်ရှုပ်နေကြသည်။ အကြောင်းကား ဒီနေ့သူတို့ကုမ္ပဏီကို သူဌေးအသစ်ရောက်မှာဖြစ်လို့ပါ..သူဌေးအသစ်ကဘယ်လိုပုံစံဘယ်လိုရုပ်ရည်မျိုးလဲဆိုတာ သူတို့မသိ…သူတို့သိတာသူဌေးအသက်၂၆နှစ်ဆိုတာရယ် စည်းကမ်းကြီးပြီး ဒေါသကြီးတယ်ဆိုတာပဲ။
“ဟဲ့ကောင်မတွေရေ လာကြဟေ့..ငါတို့ကိုမန်နေဂျာမခေါ်နေတယ်”
“အင်း ဘာတွေပွားအုံးမလဲမသိဘူး အဲ့ဘဝင်ရူးနဲ့လည်းစိတ်ပျက်တယ် တကယ်”
“စိတ်ပျက်လည်းနောက်မှပျက်…ခုနေသူ့အခန်းထဲမရောက်ရင် လစာဖြတ်ခံရလိမ့်မယ်”
“ဟုတ်တယ် ဟုတ်တယ်”
ပြောလည်းပြော မန်နေဂျာမအခန်းထဲသို့ သူ့ထက်ငါအလုအယက်ပြေးကြသည်။
“လူစုံပြီလား..”
“ဟုတ် တစ်ယောက်နှစ်ယောက်လောက်တော့ကျန်ပါသေးတယ် မမ”
ကွယ်ရာမှာသာ မန်နေဂျာမကြီး ဘဝင်ရူးမကြီးလို့သာခေါ်ရဲကြတာ ရှေ့မှာတော့မခေါ်ရဲဘူး မဟုတ်ရင်လစာအဖြတ်ခံရမှာလေ…
“ငါခေါ်ခိုင်းတာကြာပြီလေ အချိန်ကိုမလေးစားတာလား…အကုန်လစာဖြတ်ရင်မကောင်းပဲနေအုံးမယ်”
ဝန်ထမ်းအားလုံးမှာဘာမှမပြောရဲကြ ခေါင်းငုံ့ပြီးသာနေကြသည်။ ထိုအချိန်အခန်းထဲသို့ ဝင်လာတဲ့သူတစ်ယောက်
*ဟဲ့ရေ ကောင်မရေ နောက်လှည့်ကြည့်လိုက်စမ်း..*
*အိုမို ချောလိုက်တာ နတ်သားလေးများလား..ဟဲ့အလုပ်သင်ထင်တယ်*
*ဟုတ်လောက်မယ် အမလေးငါတော့ ရုံးတက်ချိန်မှန်တော့မယ်*
*ကောင်မ နင်တော်တော်ရွ*
“ဘာလဲ မင်းကဒီနေ့မှလာတဲ့အလုပ်သင်လား”
ထွဋ်မင်းနောင် လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒယ်ဒီဆီအရင်မသွားပဲ ကုမ္ပဏီကိုတန်းထွက်လာခဲ့တာဖြစ်သည်။ ဒီရောက်တော့ အခန်းတစ်ခုတည်းမှာ ဝန်ထမ်းတွေစုရုံးနေတာတွေ့လို့ အခန်းထဲဝင်ခဲ့လိုက်သည်။ သူ့ကိုဝန်ထမ်းလို့ထင်သွားပုံရသည်။
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...