Part-1

74 6 0
                                    

Part I

1.

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးကSofaဘေးမှာရပ်နေပြီးသူ့ဆန့်ကျင်ဘက်ရှိစိတ်ရောဂါကုဆရာဝန်ကသူ့ပစ္စည်းတွေကိုထုပ်ပိုးပြီးစီးကာထွက်သွားတော့မယ်။

သူ့ရဲ့နောက်ဆုံးmovie၏ trailerကို TVတွင်ပြသနေသည်။ ဒီဇာတ်ကားဟာ သုံးနှစ်ကြာပြီးနောက် ရုပ်ရှင်လောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ သူ့ရဲ့ပထမဆုံးဇာတ်ကားလည်း ဖြစ်တယ်။

TVဘေးနားရှိတံခါးပေါက်၌အသက်နှစ်ဆယ့်ငါးနှစ်၌သူရခဲ့သည့်ဆုဖလားတစ်ခုရှိနေသည်။ ယခု သူသည် အသက်သုံးဆယ်ရှိပြီဖြစ်၍ ဖျော်ဖြေရေးအသိုင်းအဝန်းတစ်ခုလုံးက သူသည် ထိပ်ဆုံးသို့ ထပ်မံတက်ရန် အခွင့်အရေးရှိမရှိကို တွေးတောနေကြသည်။

ရုပ်ရှင်သရုပ်ဆောင်က ညဝတ်အင်္ကျီ ပွပွကို ၀တ်ထားပြီး စိတ်ရောဂါကုပညာရှင်ကို တံခါးဆီ ခေါ်ဆောင်သွားသည်။

စိတ်ရောဂါကုဆရာဝန်က "မင်းရဲ့အခြေအနေက တည်ငြိမ်နေပြီပဲ နောင်မှာ မင်းရဲ့တံခါးကို ပုံမှန်သွားကြည့်ဖို့ မလိုတော့ဘူး။ တကယ်လို့မင်းလိုအပ်ရင် မင်းငါ့ကိုလာ ရှာလို့ရတယ်။"

"ကျေးဇူးတင်ပါတယ်။"  ရုပ်ရှင်သရုပ်ဆောင်ကပြုံးပြီးပြောလိုက်၏။ သူကဟန်ဆောင်မှုမရှိဘဲ အမြဲတမ်း နိမ့်ချတတ်ကာ လိုက်လျောညီထွေးနေတတ်သူပင်။

စိတ်ရောဂါကုဆရာဝန်က သူ့ဂျာကင်အိတ်ကပ်ထဲက နာရီတစ်လုံးကို ထုတ်လိုက်ပြီးကမ်းပေးကာ "ဒါက မင်းအရင်တစ်ခေါက်က ငါ့ဆေးခန်းမှာကျန်ခဲ့တာ။"

ရုပ်ရှင်သရုပ်ဆောင်က လက်ပတ်နာရီကို ငုံ့ကြည့်ကာ "ကျွန်တော်မမှတ်မိဘူး" လို့ ပြောလိုက်သည်။

ညနေပိုင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင်က ဖက်ရှင်ညစာစားပွဲကို တက်ရောက်ခဲ့၏။

သုံးနှစ်ကြာပြီးမှ ကင်မရာရှေ့တွင် ပြန်လည်ပေါ်လာခဲ့သော သူသည် ဤကော်ဇောနီထက်၌အာရုံစူးစိုက်မှုအားလုံးရမည်မှာသံသယမရှိစရာပင်။

သူသည် အလွန်ကျက်သရေရှိသောအနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အရပ်ရှည်ရှည် ဖြောင့်စင်းသော အသွင်အပြင်က ကော်ဇောနီပေါ်သို့ တက်လှမ်းလိုက်သည့်အခိုက်အတန်းတွင် ကင်မရာ​ကြီးကြီးသေးသေးအားလုံးက သူ့ကို ချိန်ရွယ်ထားပေသည်။

ရုပ်ရှင်ဧကရာဇ်ကဦးနှောက်ထိခိုက်မှုရှိခဲ့သည်Where stories live. Discover now