Part-2

41 6 1
                                    

Part -II

6.

အဖွဲ့လိုက်ဓာတ်ပုံရိုက်သည့်ပွဲသည် နှစ်ရက်နှင့်တစ်ညတာကြာမြင့်ခဲ့ပြီး လှုပ်ရှားမှုလုံးဝမရှိဘဲ သရုပ်ဆောင်နှင့်ကြယ်ပွင့်ကြားက ဆက်ဆံရေးသည် စက်ဝန်းထဲတွင် ငြိမ်သက်သွားခဲ့သည်။

ဇာတ်ကားသစ်ထွက်သည့်နေ့၌ သရုပ်ဆောင်ကမြို့တော်၏ ပွဲဦးထွက်သို့တက်ရောက်ခဲ့သည်။ အဆုံးမှာတော့ လူအုပ်ထဲမှာ maskတပ်ထားတဲ့ စိတ်ရောဂါကုဆရာဝန်ကို တွေ့လိုက်ရသည်။

စိတ်ရောဂါကုဆရာဝန်၏ မျက်လုံးများသည် လှပလွန်းသဖြင့် သရုပ်ဆောင်သည် အဝေးမှပင် မှတ်မိနိုင်သည်။

သရုပ်ဆောင်ကသူ့လက်ထောက်ကိုသူ့(ဆရာဝန်)ကိုတားဖို့ပြောကာ

"ဘာလို့စောစောမပြောရတာလဲ၊ ပထမတန်းလက်မှတ်ပေးမှာပေါ့"

စိတ်ရောဂါကုဆရာဝန်ကပြုံးကာပြောသည်။ "မလိုပါဘူး နောက်တန်းမှာဆိုပိုပြီးရှင်းရှင်းလင်းလင်းမြင်ရတယ်။ အလုပ်ကြိုးစားသားပဲ"

သရုပ်ဆောင်က"အခုအားလား? အတူတူထမင်းသွားစားရအောင်ကျွန်တော့်မှာမေးစရာတွေရှိတယ်" ဟုပြော၏။

စိတ်ရောဂါကုဆရာဝန်က အားပါတယ် ဟုဖြေလိုက်သည်။

ထိုအချိန်တွင်ကြယ်ပွင့်လေးကလည်းသူနှင့်အတူတူစားချင်ကြောင်းဖုန်းခေါ်လေသည်။

သရုပ်ဆောင်ကနည်းနည်းအခက်တွေ့သွားသည်။

စိတ်ရောဂါကုဆရာဝန်က"ဒါဆိုလည်းနောက်တစ်ချိန်ထပ်ပြီးချိန်းကြမယ်လေ"ဟုဆို၏။

သရုပ်ဆောင်က"okayလေ ကျွန်တော် မင်းကိုနောက်ဆုံးအကြိမ်ဖုန်းဆက်တုန်းကဆက်သွယ်လို့မရဖြစ်နေတယ် ဖုန်းနံပါတ်ပြောင်းလိုက်တာလား?"

စိတ်ရောဂါကုဆရာဝန်က"မပြောင်းပါဘူး အဲ့ရက်တွေတုန်းကဖုန်းပျောက်သွားလို့ပါ"ဟုဖြေသည်။

7.

နောက်နေ့တွင်သရုပ်ဆောင်နှင့်ညစာစားနေသောကြယ်ပွင့်လေး၏ဓာတ်ပုံကhot searchပေါ်ရောက်သွားပြီးအချစ်ဇာတ်လမ်းလေးကိုအတည်ပြုခဲ့၏။

သရုပ်ဆောင်ကိုယ်တိုင်တောင်မှမရေရာပေ။

သူကြယ်ပွင့်လေးနှင့်ရှိနေချိန်၌နှလုံးခုန်သံကိုပင်မခံစားမိချေ။ သူသည် စကားလုံးအနည်းငယ်ကို တမင် သို့မဟုတ် မသိစိတ်ကနေ ကြယ်ပွင့်လေး၏ စကားလုံးများ၏ အမှန်တရားကိုစတင်သံသယဝင်လာသည်။

ရုပ်ရှင်ဧကရာဇ်ကဦးနှောက်ထိခိုက်မှုရှိခဲ့သည်Where stories live. Discover now