ကျိုးချန် မနေ့ည လမ်းဘေးမှာ ကားရပ်ပြီး ဟိုလူကို စောင့်ကြည့်ရင်း အိပ်ပျော်သွားတာ မနက်ထိပါပဲ။
ကျိုးချန် အရှေ့က ဟိုလူရဲ့ကားကို ကြည့်တော့ မတွေ့တော့တာကြောင့် သူ့နာရီကို ပြန်ကြည့်တော့ မနက် ၈ နာရီ..... အားးးး ရှစ်ထ် ငါတော့ သေပြီ။
ဒီနေ့ တစ်ခြားဆေးရုံမှာ အလှည့်ကျ တာဝန်ယူပေးဖို့ ပြောထားတာပဲ။ အဲ့က ဌာနမှုးအသစ် သဘောကောင်းပါစေ ဆုတောင်းရတော့မှာပဲ။
ကျိုးချန် သူ့ကားကို အိမ်ဘက် ပြန်လည့်သွားလိုက်ရတယ်။ ဟိုလူကလည်း နည်းနည်းပါးပါး ဟွန်း မတီးသွားဘူး။
ကျိုးချန် တာဝန်ပေးခံရတဲ့ ဆေးရုံရှေ့ရောက်တော့ ၉ နာရီ ထိုးဖို့ ၅ မိနစ်။ ကားပေါ်က အမြန်ဆင်းပြီး နောက်ခန်းက ဂျူတီကုတ်ကို အမြန်ယူဝတ်လိုက်တယ်။
'အာာ..... အိတ် မေ့ကျန်ခဲ့ပြီ။ နောက်ကျနေပါပြီဆိုမှကွာ....' ကျိုးချန် ဆေးရုံ တံခါးပေါက်ရောက်မှ လွယ်အိတ် မေ့ကျန်ခဲ့တာကြောင့် ပြန်လာယူလိုက်ရတယ်။
ကျိုးချန် ဆေးရုံထဲ ဝင်သွားပြီး ကောင်တာက အထွေအထွေေရောဂါကု တဲ့ ဌာနမှုးအခန်း ဘယ်မှာလဲ မေးပြီး လာလိုက်တယ်။
ကျိုးချန် ကောင်တာက နာစ့်မ ပြောတဲ့ အခန်းရှေ့ရောက်တော့ အခန်းတံခါးမှာ ကပ်ထားတဲ့ ဒေါက်တာ လျိုဟိုက်ခွမ်း ( အထွေထွေရောဂါ ကုသရေး ) ဆိုတဲ့ စာတန်းကို တွေ့လိုက်ရတယ်။ လူပျိုကြီးတော့ မဟုတ်ပါစေနဲ့။ ဘာလို့ဆို အရင်ဆေးရုံက သူတို့ဌာနမှုးကလည်း လူပျိုကြီးမို့ ပွစိပွစိနဲ့ မျက်စိဒေါက်ထောက် လိုက်ကြည့်ပြီး အားတိုင်း ပြောဆိုနေတာ မလား။
ကျိုးချန် တံခါး ခေါက်လိုက်တယ်။
'ဝင်ခဲ့.....'
ဟက် .... လေသံကတော့ အားကောင်း မောင်းသန်ပြီး အသက်သိပ်မကြီးသေးတဲ့ ပုံပဲ။ သူငယ်ချင်းပေါင်း ပေါင်းလို့ ရတာပေါ့။
ကျိုးချန် တံခါး ဖွင့်ပြီး ဝင်သွားလိုက်တော့ ဆုံလည်ကုလားထိုင်မှာ မြင်လိုက်ရတဲ့ လူကြောင့် အံ့ဩဘနန်း ဖြစ်သွားရတယ်။ မနေ့ညက သူ ပြောခဲ့တဲ့ $ အရက်သမားကြီးက သူ့ထက် ရာထူးကြီးတဲ့ သူ့ ဌာနမှုးတဲ့လား။ ဝမ်ရိပေါ်ရေ မင်း အဖေရဲ့ အဖြစ်ကို လာကြည့်လှည့်ပါအုံး။
YOU ARE READING
Ex - Friend ( Completed )
Fantasyသူငယ်ချင်း စာရင်းထဲက ထုတ်လိုက်တာကလည်း Ex လို့ သတ်မှတ်လို့ ရတယ်မလား။ Credit for Cover Photo သူငယ်ချင်း စာရင်းထဲက ထုတ်လိုက်တာကလည်း Ex လို့ သတ်မှတ်လို့ ရတယ်မလား။ No. 5