ကိုးရီးယား ဆိုးလ် မြို့ ......
' မောင် အခု ဘယ်သွားကြမှာလဲ....'
' အင်း ဟိုတယ် ကိုပဲ သွားကြမယ်လေ။ အဲ့ဒါကြောင့် ကျိုးချန်တို့ကို လာမကြိုခိုင်းတော့တာ။'
' ကျိုးချန် ကိုးရီးယား ရောက်နေတာတောင် မသိဘူး။'
'အင်း အဲ့ကောင် ကိုးရီးယားကိုမှ တာဝန်ကျချင်တယ်ဆိုလို့ ကျောင်းပြီးတော့ ဒီမှာပဲ အလုပ်သင် လာဆင်းတာလေ။ ကျန့်ကျန့် နဲ့ သမီး အကြောင်းလည်း သူ့ကြောင့် သိရတာ....'
' အဲ့ဒါဆို မောင် ကိုယ်တိုင် စုံစမ်းခဲ့တာ မဟုတ်ဘူးပေါ့။'
' ကျန့်ကျန့် တို့ ဟိုတစ်ခေါက် ကိုးရီးယား လာတော့ မောင်က Switzerland သွားလိုက်ရတာလေ။ မဟုတ်ရင် လိုက်လာတာပေါ့။'
' သွားပါ .... အဲ့တုန်းက ငါ့ကို ရန်သူလို ဆက်ဆံနေတာများ....'
' အဲ့တုန်းက ကျန့်ကျန့်ကလည်း မောင့်ကို အဲ့လို မြင်နေတာပဲ မလား။'
' ပါပါး ပြီးရင် သမီးတို့ ဆေးရုံ သွားရအောင်နော်.... သမီး မမ အတွက် လက်ဆောင်တွေ ပေးချင်နေပြီ။'
' ဟုတ်ပါပြီ အရင်ဆုံး ဟိုတယ် သွားကြမယ်။'
ဟိုတယ် ရောက်သွားတော့ ....
' ကျန့်ကျန့် ခန နားလိုက်အုံး မောင် ဟိုနှစ်ကောင်ကို ဖုန်းဆက်လိုက်အုံးမယ်။'
'အင်း မောင်....'
ရိပေါ် ကျန့်ကျန့်နဲ့ သမီးကို ထားပြီး ဝရံတာ ရှေ့ ထွက်လာလိုက်တယ်။
' ဟလို ..... အေး ငါတို့ ခုပဲ ရောက်တာ။ မင်းတို့ဘက်ကကော အဆင်သင့် ဖြစ်ပြီလား။'
'အင်း ပစ္စည်းတွေက ငါတို့ တွေ့မယ့်နေရာမှာ ရောက်နေပြီ သူတို့ဘက်ကိုတော့ ဘယ်မှာ တွေ့မယ်ဆိုတာ မပြောရသေးဘူး။'
' အင်း ဒီနေ့က ၈ ရက်နေ့ ဆိုတော့ ၁၀ ရက်နေ့မှ တွေ့မယ်လို့ ပြောလိုက်။ တကယ်လို့ လက်မခံရင် ကိစ္စ ပြတ်ပြီလို့သာ ပြောလိုက်။'
' ဘာလို့ နောက်ထပ် နှစ်ရက်တောင် အချိန် ဆွဲတာလဲ။ ကိစ္စ မြန်မြန်ပြတ် မြန်မြန် မပြီးဘူးလား။'
YOU ARE READING
Ex - Friend ( Completed )
Fantasyသူငယ်ချင်း စာရင်းထဲက ထုတ်လိုက်တာကလည်း Ex လို့ သတ်မှတ်လို့ ရတယ်မလား။ Credit for Cover Photo သူငယ်ချင်း စာရင်းထဲက ထုတ်လိုက်တာကလည်း Ex လို့ သတ်မှတ်လို့ ရတယ်မလား။ No. 5