Chapter 56

6.1K 1.2K 128
                                    

『 Unicode 』

အပိုင်း ၅၆ : တိုင်ဖွန်း Day 2

ကုချီနန်က အလိုလိုပဲ ဘူးကို လှမ်းယူလိုက်တယ်။ ကျန့်မင်က စိတ်ပူပန်လှုပ်ရှားနေတဲ့ပုံနဲ့ ရှင်းပြလာခဲ့တယ်။

“ ထားစရာ နေရာမရှိလို့ ဒီထဲ အရင် ထည့်ထားလိုက်တာ ”

ကုချီနန်ရဲ့ IQ က ရုတ်တရက် စတင် အလုပ်လုပ်လာခဲ့ပြီး မေးလိုက်တယ်။

“ မင်းပဲ ငါ့ကို မကြိုက်ဘူးဆို။ ဘာလို့ နှင်းဆီပန်းတွေကို သိမ်းထားသေးတာလဲ ”

“ လွှင့်ပစ်မလို့ ပြင်နေတာ။ အဲ့မှာထားထားတာကို မေ့သွားလို့ ”

ကျန့်မင်က ပြန်ဖြေတယ်။

“ အော် ”

ကုချီနန်က ဘူးကို ဖက်ထားလိုက်တယ်။

“ ဒီနှင်းဆီပန်းတွေထဲမှာ ဘာပါလဲ မင်းသိလား ”

ကုချီနန်က ဘူးကို ကိုင်ပြီး အိပ်ရာပေါ် ထိုင်ချလိုက်တယ်။ နောက် ဘူးကို ပေါင်ပေါ်တင်ပြီး နှင်းဆီတစ်ပွင့်ကို ထုတ်ကာ ဖြည်းဖြည်းချင်း ဖြေလိုက်တယ်။

ကျန့်မင်က သူ့ကို တိတ်တဆိတ်နဲ့သာ ကြည့်နေလျက်။

စက္ကူနှင်းဆီပန်းလေးက အဖြေခံလိုက်ရပြီး စက္ကူစပြန်ဖြစ်သွားခဲ့တယ်။

ခေါက်ရတာက အတော်လေး လက်ဝင်ပြီး အချိန်ယူရတယ် ဆိုပေမဲ့လဲ ဖြေလိုက်ရင်တော့ ခဏလေးပဲ။

ကုချီနန်က စက္ကူစကို မြှောက်ပြလိုက်ပြီး ကျန့်မင်ကို ကြည့်ခိုင်းတယ်။

စက္ကူပေါ်မှာ လက်ရေးလှလှလေးနဲ့ ရေးထားတဲ့ စာကြောင်းတစ်ကြောင်း။

ကုချီနန်က ဖတ်လိုက်တယ်။

“ ငါ ကျန့်ကောကို ကြိုက်တယ်။ သူက တအားသန်မာတယ် ”

ကုချီနန်က ဖြေထားပြီးသားစက္ကူကို ဘူးထဲ ပြန်ပစ်ထည့်လိုက်ပြီး နောက်ထပ် စက္ကူနှင်းဆီတစ်ပွင့်ကို ယူကာ ဖြေလိုက်ပြီး ဖတ်တယ်။

I'll Have My Seatmate Beat You || မြန်မာဘာသာပြန် || 『 COMPLETED 』Where stories live. Discover now