(4)

4.3K 344 0
                                    

မှန်သားနံရံတွေကာထားတာမို့ အတိုင်းသားမြင်နေရသည့် ထမင်းစားခန်းထဲက မြင်ကွင်းကို ကြည့်ရင်း ကလျာတစ်ယောက် ခေါင်းတွေကိုက်လာသည်။ ကလေးအမေက ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်နေတာပါလိမ့်။ ဘယ်လိုနေရာကနေများ စောနောင်ခန့် ဒီကောင်မလေးကို တွေ့လာရပါလိမ့်။  အနီရောင်ဆေးဆိုးထားသည့် ဆံပင်ရှည်တွေကို လက်ဖြင့်တပတ်လျိုထုံးလိုက်ပြီး ထမင်းစားပွဲပေါ်ချပေးထားသည့် ဟင်းခွက်တွေကို ဇိုးခနဲဇတ်ခနဲ နှိုက် ယူကာ အားရပါးရ နယ်စားနေသည်။  ဝတ်ထားသည့် မိုးကာအကျီကို ချွတ်လိုက်တော့ အိမ်က ယောကျာ်းသားတွေနှင့်အမြင်မတော်စရာ လက်ပြတ် ရင်ဟိုက်ဖြစ်နေပြန်သည်။ ဒါကြောင့် အိမ်အကူကောင်မလေးတစ်ယောက်ရဲ့ အနွေးထည် သွားပေးခိုင်း ပြန်တော့လည်း သူများအင်္ကျီ မဝတ်တတ်ပါဘူးဆိုပြီး ဟိုပေါ်ဒီပေါ် နှင့်နေမြဲ။ ကလေးလား…ဒီအိမ်ရောက်ကတည်းက သူမလက်ပေါ်တင်မထားတော့ အလှည့်ကျ အိမ်အကူတွေ ထိန်းနေရသည်။

“ကလေးကို ငါ့ဆီခေါ်လာခဲ့ သူ့ကိုလည်း ထမင်းစားပြီး အပေါ်ထပ်ဧည့်ခန်းထဲ လိုက်ပို့လိုက် ”

အိမ်အကူတွေ ခေါ်လာသည့် ကလေးပေါက်စကွေးက အနှီးထုပ်ထဲမှာ အိပ်မောကျနေသည်။ လက်နှစ်သစ်လောက်ကျန်တော့သည့် နို့ဗူးက နို့သီးခေါင်းကို မလွတ်တမ်းကိုက်ဆွဲထားသည့် နှုတ်ခမ်းတွေက စောနောင်ခန့်နှင့် တပုံစံတည်း တူလှသည်။

“ကလေးက ဘယ်အရွယ်ရှိပြီလို့ထင်လဲ”

သူမက ကလေးမမွေးဖူးသလို ကလေးတွေအကြောင်းလဲ မသိတာမို့ ဘေးနားက အိမ်အကူတစ်ယောက်ကို ကလျာမေးကြည့်လိုက်သည်။ ကောင်မလေးက ကလေးကို သေချာလေး ကြည့်ပြီးမှ ပြန်ဖြေလာသည်။

“အနည်းဆုံး လေးငါးလလောက်ပဲ ရှိပါဦးမယ် သွားတောင်မပေါက်သေးဘူးဆိုတော့ ခြောက်လမပြည့်လောက် သေးဘူးရယ်” 

“အော်  ဒီဆိုဖာပေါ် ထားခဲ့ ”

အိမ်အကူတွေပြန်ထွက်သွားပြီး အခန်းထဲမှာ ဘယ်သူမှ မရှိတဲ့အချိန်မှ  ကလျာ အသင့်ပြင်ထားသော ပစ္စည်းလေးတွေကို ထုတ်လိုက်သည်။ သေးငယ်သော ဆေးထိုးအပ်လေးတစ်ချောင်းရယ် ဖန်ပုလင်းအငယ်လေးတလုံးရယ်ပါ။ ပိုးသတ်ထားသော ဆေးထိုးအပ်ကို ကလေးရဲ့ လက်မောင်းထက် အသာထိုးစိုက်လိုက်ကာ သွေးအနည်းငယ်ကို စုပ်ယူလိုက်သည်။ ထိုဆေးထိုးအပ်ထဲမှ သွေးကို ဖန်ပုလင်းထဲ ပြောင်းထည့်ရင်း အာပြဲအောင် ငိုနေသည့် ကလေးကိုလည်း  အသံပေးကာ ချော့ရသေးသည်။ တဆက်တည်းထဲမှာပဲ ဂွမ်းကြပ်တံလေးတစ်ခုကိုယူပြီး ဟ နေသော ကလေးပါးစပ်ထဲ ဟိုတို့ဒီတို့လုပ်ကာ တံတွေးစ အနည်းငယ် စိုစေလိုက်သည်။ပြီးမှ ကလေးကို နို့ဗူးပြန်တပ်ပေးကာ  ထိုပစ္စည်းနှစ်မျိုးလုံးကို သေချာစွာ ထုပ်ပိုးလိုက်သည်။

She's sweet like candy.(GL)Where stories live. Discover now