(10)

3.8K 335 7
                                    

ပန်းဆီရောင်စွေးစွေး ထားဝယ်မှိုင်းပန်းနွယ်တွေက ဝရံတာတလျှောက် နွယ်တက်ကာ  ဖွေးဖွေးလှုပ်အောင် ပွင့်ခဲနေလေသည်။ လျှပ်စစ်မီးတွေ မှိတ်ထားသည့် လသာဆောင်မှာ ကလျာတိတ်တဆိတ်ရှိနေတာ အချိန်ကြာလှပြီ။ လက်ထဲမှာလည်း ကုန်လုဆဲဆဲ ဘီယာတစ်ပုလင်းရှိနေသည်။ အတွေးတို့ကတော့ လွန်ခဲ့သော အတိတ်ဆီသို့။

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေဆုံးပါးသွားလို့ တကောင်ကြွက်ဖြစ်ခဲ့တဲ့ သူ(မ)ဟာ ဘဝကို လွယ်ကူစွာ ဖြတ်သန်းခဲ့ရတာမဟုတ်။ ဆွေမျိုးတွေအိမ်မှာ မျက်နှာအောက်ချနေခဲ့ပြီး ဆယ်တန်းအောင်ဖို့ကြိုးစားခဲ့ရသည်။ အမေမဆုံးခင်ကပြောဖူးသည့် ပညာလေးတော့ တတ်အောင်သင်ပါသမီးရယ်ဆိုတဲ့ စကားကြောင့် ကလျာ တက္ကသိုလ်ကို ရောက်အောင်လာခဲ့သည်။ကျောင်းအားချိန်မှာ  နေ့စားအရောင်းသမအဖြစ်ကနေ စားပွဲထိုး၊ ဗျူးတီးဆလွန်းအကူ  တို့အထိ မလုပ်ဖူးသည့် အလုပ်မရှိ။ သူ့မာနက ပြတ်သားသည်။ ကိုယ်ပိုင်လုပ်အားက ရသည့် ငွေကိုပဲ မက်မောသည်မို့ အလုပ်မရွေးနိုင်ခဲ့။

နောက်တော့ ရှားရှားပါးပါးရလာသည့် သူငယ်ချင်းအဖြစ် စောနောင်ခန့်နှင့် ခရစ်တို့ သူ့ဘဝထဲ ဝင်ရောက်လာခဲ့သည်။ ထိုနှစ်ယောက်ကလည်း သူ့ဘဝနှင့် မခြားမနားမို့ တယောက်ကို တယောက် အပြန်အလှန်ဖေးမရင်း မိသားစုဝင်တွေလိုဖြစ်လာခဲ့သည်။ ကျောင်းစားရိတ် နေထိုင်စားရိတ်အတွက် ရုန်းကန်ရင်း လူငယ်သဘာဝ ငွေနောက်လိုက်ခဲ့ရာမှ မူးယစ်ဆေးရောင်းတဲ့ လောကထဲရောက်လာခဲ့သည်။ စဥ်းစားတတ်တဲ့ သူတွေမို့လို မူးယစ်ဆေးကို ကိုယ်တိုင်လုံးဝမတို့မထိဘဲ ငွေရှာဖို့ သပ်သပ်သာ သုံးခဲ့သည်။

သုံးယောက်လုံး ဓါးထိုးခံရ သေနတ်ပစ်ခံရစတဲ့ အသက်အန္တာရယ်နဲ့လည်း ကြုံခဲ့ရသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချမှုတွေကိုလည်း အတူကျော်ဖြတ်ခဲ့ကြသည်။ ထို့နောက်တော့ အင်အားကြီးသထက်ကြီးလာတဲ့ သူတို့သုံးယောက်က မူးယစ်ဆေးသာမက လက်နက်မှောင်ခိုလောကမှာပါ ထိပ်သီးတွေဖြစ်လာကြသည်။  ပိုတိုးလို့လာတာက  ပိုင်ဆိုင်မှုတွေသာမက သူတို့သုံးယောက်ကြားက
ခံစားချက်တွေပါ ပါဝင်လာသည်။

She's sweet like candy.(GL)Donde viven las historias. Descúbrelo ahora