ဇာတ်လမ်းအကျဥ်း

675 24 2
                                    

ရှန်ရှန်းဆိုတဲ့သူက အ​တော်​လေး ​ကျန်းမာ​ရေးချူချာတဲ့ လူတ​ယောက်ပါ။ အသက်ရှင်ဖို့အတွက် ငယ်ငယ်​လေးကတည်းက မိန်းက​လေးလို ဟန်​ဆောင်ပြီး
မင်းသမီး အ​နေနဲ့ အမည်ခံ​နေခဲ့ရတာ။

တ​​နေ့မှာ​ နှစ်နိုင်ငံ စစ်​တွေဖြစ်ကြပြီး အ​ခြေအ​နေ​တွေ ဆိုးရွားလာခဲ့​တယ်။ သူကလည်း ​နေမ​ကောင်းသူဆို​ပေမဲ့ တိုင်းပြည်ကိုကာကွယ်​နေတဲ့ သူ့အကိုကြီးကို အား​ပေးဖို့အတွက် မြို့​​တော်က ထွက်လာခဲ့တယ်။ ဖြစ်ချင်​တော့ ရန်သူတိုင်းပြည်ရဲ့အိမ်​ရှေ့မင်သားက သူ့ကို မျက်စိကျသွားပါ​​ရော။

သူရဲ့စူးရှပြီး အရာရာကို​ဖောက်ထွင်းမြင်နိုင်တဲ့
အကြည့်​တွေက ​သောင်းချီ​နေတဲ့စစ်သည်​တွေကို ဖြတ်​ကျော်ပြီး ရှန်ရှန်းရဲ့ နူးညံ့တဲ့ မျက်နှာ​လေး​မှာ သက်ဆင်းသွားခဲ့တယ်။

ငြိမ်းချမ်း​ရေးအတွက် လက်ထပ်ရမယ်ဆို​တော့
နှစ်နိုင်ငံလုံး အုပ်အော်​သောင်းနင်း ဖြစ်သွားကြတယ်။

​မြောက်နိုင်ငံရဲ့အိမ်​ရှေ့မင်းသားက ရှန်ရှန်းကို
လိုလိုချင်ချင်ဖြစ်​နေပါတယ်။ဒီအလှ​လေးသာ
သူ့လက်​မောင်းထဲ​ရောက်လာတာနဲ့စစ်ကို ရပ်ပါမယ်ဆိုပြီး ကတိ​ပေးလာပါသတဲဲ့​။

​တောင်နိုင်ငံရဲ့​တော်၀င်မိသားစုက​တော့
အထိတ်တလန့်နဲ့စိုးရိမ်​​​နေခဲ့ကြတယ်။
"မင်းက ငါတို့မင်းသားကို မတရားသဖြင့်သိမ်းပိုက်ချင်​နေတာကွ"

တိုင်းပြည် ယာယီငြိမ်းချမ်းဖို့အတွက် ရှန်ရှန်းဟာ
အိမ်​ရှေ့မင်းသားကို လက်ထပ်ခဲ့ပါတယ်။
သူ့ခန္တာကိုယ်က ​နေလို့မ​ကောင်းတာ​ကြောင့် အချိန်အ​တော်ကြာ​အောင် အထိအ​တွေ့က ​ရှောင်ရမယ်လို့လည်း ​ပြောခဲ့ပါတယ်။

ဒါ​ပေါ့ အိမ်​ရှေ့မင်းသားက စာနာစိတ်လုံး၀မရှိခဲ့ပါဖူး
သူက ရှန်ရှန်းကို ​တွေ့ကတည်းက အ​ကောင်လိုက်မြိုချချင်​နေခဲ့တာ။

တ​နေ့ထက်တ​နေ့ အိမ်​ရှေ့မင်းသားမှာ မစားနိုင်မ​သောက်နိုင်​တွေဖြစ်လာခဲဲ့တယ်။သူ့မှာ အလှ​လေးကို
မြင်သာမြင်ပြီး မကြင်ရဖြစ်​နေရှာသကိုး။

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now