အပိုင်း ၁၆.၁ ထပ်ကြည့်ရင် မင်းကို နမ်းပစ်လိုက်မယ်

102 1 0
                                    

ရှန်ရှန်း သူ့အမူအရာကို မျက်နှာပြင်မှာ မ​ဖော်ပြ​ပေမဲ့ သူ့နှလုံးက​တော့ အလျင်အမြန် ခုန်လှုပ်​နေသည်။ ​နောက်ဆုံးမှာ​တော့  သူက 'မိန်းက​လေး'အဖြစ် ​နေလာသည်မှာ ကြာလှပြီ ဖြစ်ပြီး အခုမှ လူတိုင်းကို သူက ​ယောင်္ကျား​​လေးပါလို့​ပြောပြီး မသိနိုင်တဲ့ အကျိုးဆက်​တွေကို ရင်ဆိုင်ရ​တော့မှာ ဖြစ်သည်။

ချင်ယိက သူ့​ဘေးမှာထိုင်ပြီး ငြင်သာတဲ့ဝံပု​​လွေတစ်​ကောင်သဖွယ် ​လေးစားသမှုသ​ဘောထားကို ​​ဖော်​ဆောင်ထားသည်။ သူ ရှန်ရှန်းအား ဆက်ဆံပုံကို ကြည့်ရသည်မှာ​ရေခဲပြင်​အောက်မှာ ဗုံး​တွေထားထားတာ သူဆိုသည်ကို စိတ်ကူးကြည့်ဖို့ရာ ခက်ခဲလှ​ပေသည်။ အမိ​မြေက ဒုက္ခ​ရောက်​နေပြီး စစ်သည်​တွေဦး​ဆောင်ကာ မြို့​​တွေကို ဦး​ဆောင် သိမ်းပိုက်​နေသည့်သူကို စိတ်ကူးကြည့်မိဖို့ရန်မှာ ပို၍ခဲယဥ်းလှသည်။ ထို့ထက်ပို၍ ကိုယ့်အ​ဖေရဲ့​သေဆုံးမှုကို လျစ်လျူရှုတဲ့ ရိုင်းစိုင်းတဲ့လူတစ်​ယောက်အဖြစ်သူ့ကို မည်သူမျှ စိတ်ကူးဖူးလိမ့်မည်မဟုတ်​ချေ။

သူ ရှန်ရှန်းအား ​ကောင်းမွန်စွာ ဆက်ဆံသည်မှာ သူ့အားချစ်မြတ်နိုးလို့ဖြစ်သည်။ သူ့ကို​လေးစားသည်မှာ တိုင်းပြည်၏ ပထမမင်းသမီးဖြစ်လို့ဖြစ်သည်။ အရင်အ​ခြေအ​နေများသည် သူဟာ မိန်းက​လေးဖြစ်လို့
သနားစရာ​ကောင်းတဲ့ အားနည်း​နေ​သောမိန်းက​လေးတစ်​ယောက် ဖြစ်လို့သာဖြစ်သည်။

အင်အားအရ​ပြောရမည်ဆိုလျှင် ရှန်ရှန်း ကြက်တစ်​ကောင်ကို​တောင် မသတ်နိုင်ပါ​ချေ။ ဒါ​ပေမဲ့ ချင်ယိက​တော့ ကွာခြားလှသည်။ သူဟာ သာလွန်​သော သိုင်းပညာအရည်အချင်းများကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ​နေပြည်​တော်မှ နှင်ထုတ်ခံထားရတာ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက်က ကျီလုံမြို့မှာ သူ့အင်အား​တွေကို ​သွေး​နေ​သေးသည်။ သူ၏​ခြေ​ထောက် ဒဏ်ရာမှာလည်း ပြန်လည်​ကောင်းမွန်​နေပြီဖြစ်သည်။ သူသာအလိုရှိလျှင် ရှန်ရှန်းကို ​ခြေမွဖြစ်ဖို့ရန်မှာ ပုရွက်ဆိတ်တစ်​ကောင်အား ​ခြေမွသကဲ့သို့ပင် လွယ်ကူလှသည်။

ရှန်ရှန်းသာ အမှန်ကို ​ပြောလိုက်လျှင် သူ့အား ပါးချလိုက်သလိုပင်။ သူ၏လက်​အောက်ခံများသည် အခန်းပြင်တွင် ရှိ​သော​ကြောင့် အဘယ်မှာ အရှက်တကွဲဖြစ်မှုကို သည်းခံနိုင်ပါအံ့။ အမှန်ကိုသာ သိသွားလျှင် သူသတ်တာခံရဖို့ ဖြစ်နိုင်​ပေသည်။

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now