အပိုင်း ၁၄

156 6 1
                                    

ရှန်ရှန်း သူ့အခန်းကို ပြန်လာခဲ့လိုက်သည်။

ရူယီမှာ မင်းသမီး၏အ​တွေးကို နားမလည်နိုင်​ချေ။
မီးအိမ်ကိုကိုင်ထားရင်း သူမက ​ပြောလိုက်သည်။
"အိမ်​ရှေ့စံက မင်းသားကို စကားမ​ပြောတာလဲ ​ကောင်းတာပဲ ၊ ဘာလို့မင်းသမီးက သူ့ကို သွားရှာလိုက်ရတာလဲ"

ရှန်ရှန်းက ပြုံးလိုက်​ပေမဲ့ သူမအ​​ပြောကို မတုန့်ပြန်​ပေ။

သီးသန့်​နေ​နေတဲ့ကျန်းလွဲ့က သက်​တောင့်သက်သာ​နေဖို့
လိုအပ်​နေတာ​ပေမဲ့ ရှန်ရှန်းက သူ့ကို ​ပေးမ​နေနိုင်​ပေ။
အဆုံးမှာ​တော့ အိမ်​ရှေ့စံက မျက်နှာပျက်သွားရပြီး
ကိုယ့်ကိုယ်ကို​လေးစားမှု​တောင် ​လျော့ကျသွားသည်။

ဒါ​ပေမဲ့ ဒါက ယာယီပါပဲ ၊ အချိန်ခဏကြာရင် သူ့ကို
စိတ်​ပြေ​အောင်​ဖြောင်းဖြလိုက်ရုံပဲ။

ကျန်းလွဲ့က ရှန်ရှန်းကို​တွေ့တိုင်း ဒါကိုပဲ ​တွေး​နေခဲ့တာ။
သူ့မှန်းတဲ့ထိမ​ရောက်မချင်း လက်​လျော့မှာ​တော့မဟုတ်။
ဒါ့အပြင် သူက ရှန်ရှန်းကငြင်းလိုက်ရင်​တောင် ​ပျော်​နေ​သေးသည်။ ​နောက်ဆုံး​တော့ သူ့ကိုယ်သူ အထင်ကြီး
လွန်း​နေခဲ့တာဖြစ်ပြီး ရှန်ရှန်းရဲ့စိတ်လိုအပ်ချက်ကို
သက်​သေမပြနိုင်ခဲ့​ချေ။

သို့​သော် ရှန်ရှန်းက အပြစ်မရှိပါဖူးလို့ သူဘယ်လို
ပဲ ​တွေး​နေ​နေ အ​လှောင်ခံရမှာနဲ့ပတ်သက်ပြီး​တော့
​သေချာ​ပေါက်စိုးရိမ်​နေခဲ့တာဖြစ်သည်။  ရှန်ရှန်းက
သူ့ဘက်ကစပြီး အဆင်မ​ပြေတာ​တွေကို ​ပြေလည်​အောင်
ကျန်းလွဲ့ကိုလာပြီး ​ဖြောင်းဖြခဲ့တာဆို​တော့ ဘာပဲ​ပြော​ပြော
​နောင်​တော့ အရင်ကလိုသူ့ကို မျက်ကွယ်ပြုတာမျိုး
မလုပ်​​​လောက်​တော့ဖူးထင်ပါသည်။

ရုပ်ပိုင်းဆိုင်ရာမဖြည့်ဆည်းနိုင်​ပေမဲ့ ကျန်းလွဲ့စိတ်အ​ဆင်
​ပြေ​အောင် ​​နေနိုင်​နေသ​ရွေ့ လင်မယားအရာမ​​မြောက်တာ
နဲ့ပတ်သက်ပြီး ​စိတ်ခုတာမျိုး မရှိနိုင်ဟု ရှန်ရှန်း​တွေးမိကာ
ကျန်းလွဲ့အား စိတ်ချမ်းသာ​​နေ​စေရန် ဂရုစိုက်​ပေး​နေသည်။

ကျန်းလွဲ့က သူနဲ့လင်မယားအရာမ​​မြောက်​သေးတာနဲ့
ပတ်သက်ပြီး မလိုစိတ်ထား​တွေရှိ​နေရင်​တော့ ရှန်ရှန်းမှာ
တကယ်ကို မတတ်နိုင်ပါ​ချေ။

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now